လဟယ် ဖေဖော်ဝါရီ ၂၆
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့တွင် နာဂဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်း၀င်း၊ အတွင်းရေးမှူး ဦးလင်းကိုကိုနှင့် အဖွဲ့၀င်များ၊ လဟယ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေခြည်ဖြိုးတို့ လိုက်ပါ၍ (၂၅-၂-၂၀၂၅)ရက်နေ့ ညနေပိုင်းက လဟယ်မြို့နှင့် အစိုးရနည်းပညာအထက်တန်းကျောင်းအ၀င်လမ်းပေါ်ရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကွင်းဆင်းစစ်ဆေးကြည့်ရှုခဲ့ရာ တာ၀န်ရှိသူများက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပါသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးကြည့်ရှုရာတွင် (၂၀၂၄-၂၀၂၅) ဘဏ္ဍာနှစ် စစ်ကိုင်းတိုင်းဒေသကြီး အထွေထွေပိုလျှံရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သော ကွန်ကရစ်တံတား (၂၀×၂၀)ပေ တည်ဆောက်ခြင်းလုပ်ငန်း၊ ပေ(၄၀၀×၁၈၊ လမ်းဖြတ်ခြင်းလုပ်ငန်း၊ (၅×၅×၂၆)ပေ Box Culvert(၁)စင်း ၊ (၈၀×၂×၂၅)ပေ ကျောက်စီမြေထိန်း နံရံဆောင်ရွက်ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးပါသည်။
ဆက်လက်၍ ဆိုပါလမ်းပေါ်ရှိ (၄၂၀၀)ပေလမ်းတာချဲ့ခြင်း၊(၁၈ ပေ၊ ၈ လက် မထု)ကျောက်ရောမြေခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး သတ်မှတ် ဘဏ္ဍာနှစ်တွင်လုပ်ငန်းများ အပ်နှံနိုင်ရေး အလေးထားဆောင်ရွက်ကြရန် တာ၀န်ရှိသူများထံ မှာကြားခဲ့ကြောင်း သိရပါသည်။
လဟယ်(ပြန်/ဆက်)