ညောင်တုန်းမြို့နယ်တွင် မဲခေါင်-လန်ချန်းနိုင်ငံများအကြား ကျေးရွာအဆင့် ဆင်းရဲမှုလျှော့ချရေး စံပြကျေးရွာထူထောင်ခြင်း စီမံကိန်းလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး

ညောင်တုန်း ဖေဖော်ဝါရီ  ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် မဲခေါင်-လန်ချန်း နိုင်ငံများအကြား ကျေးရွာအဆင့် ဆင်းရဲမှုလျှော့ချရေးစံပြကျေးရွာ ထူထောင်ခြင်း စီမံကိန်းလုပ်ငန်းများကို ယမန်နေ့ မွန်းလွဲပိုင်း၌ တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(ရုံးချုပ်) ဒုတိယညွှန်ကြားရေးမှူး ဦးဥာဏ်ဝင်းပိုင်နှင့်တာဝန်ရှိသူများက စက္ကော့‌တောင်ကျေးရွာအုပ်စု၊ အုန်းပင်စုစံပြကျေးရွာရှိ မြစ်ဝကျွန်းပေါ် ဒေသတွင် မဲခေါင်-လန်ချန်းနိုင်ငံများအကြား ကျေးရွာအဆင့် ဆင်းရဲမှုလျော့ချရေးဆိုင်ရာ စံပြကျေးရွာ ထူထောင်ခြင်း စီမံကိန်းဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးခဲ့သည်။

ထို့နောက် ဒုတိယညွှန်ကြားရေးမှူးနှင့်တာဝန်ရှိသူများက အုန်းပင်စုစံပြကျေးရွာတွင် Green House နှင့် Net House အတွင်း စိုက်ပျိုး‌ထားရှိမှုကို လာရောက်လေ့လာကြသည့် အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း(စက္ကော့)မှ ကျောင်းသား/ကျောင်းသူများအား အပင်များစိုက်ပျိုးထားရှိမှုနှင့် စိုက်ပျိုးရေး အသိပညာများကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်ဆက်)