ရွှေဘိုမြို့၌ Advance Excel သင်တန်းအမှတ်စဉ် ၁/၂၀၂၅ ဆင်းပွဲအခမ်းအနားကျင်းပ

ရွှေဘို ​ဖေ​ဖော်ဝါရီ ၂၆

 စစ်ကိုင်းတိုင်းဒေသကြီအစိုးရအဖွဲ့၏ လမ်းညွှန်ကြီးကြပ်မှုနှင့်အတူ ရွှေဘိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဖွင့်လှစ်သည့်  Advance Excel သင်တန်း အမှတ်စဉ် ၁/၂၀၂၅ ဆင်းပွဲအခမ်းအနားကို ယ​နေ့နံနက် ၁၀ နာရီက ​လူထုအခြေပြုဗဟိုဌာနခန်းမတွင် ကျင်းပခဲ့​ကြောင်း သိရသည်။

အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်​အေးမြင့်စန်းက လူငယ်များအလုပ်အကိုင် အခွင့်အလမ်းများရရှိရေး၊ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးတို့အတွက်  အထောက်အကူပြုစေမည့် သင်တန်းများကို စဉ်ဆက်မပြတ် ဖွင့်လှစ်သွားမည်ကြောင်း၊ သင်တန်းသားများအနေဖြင့် မိမိတို့ဒေသဖွံ့ဖြိုး တိုးတက်ရေးနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုအောင် ကြိုးပမ်း ဆောင်ရွက်သွားကြရန်၊​ ကျောင်းသား/သူများအတွက် ​နွေရာသီ​ကျောင်းပိတ်ရက်သင်တန်းများ ဖွင့်လှစ်ပေးမည်ဖြစ်​ကြောင်း ပြောကြားခဲ့ပြီး သင်တန်းနည်းပြဆရာအား အမှတ်တရ ဂုဏ်ပြုလက်ဆောင်ကိုလည်းကောင်း၊ သင်တန်းသား/သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များကိုလည်းကောင်း ပေးအပ်ရာ နည်းပြဆရာနှင့် သင်တန်းသားတစ်ဦးတို့က လက်ခံရယူခဲ့ကြသည်။

ထို့​နောက် သင်တန်းသားတစ်ဦးက ​ကျေးဇူးတင်စကား​ပြောကြားခဲ့ပြီး စု​ပေါင်းမှတ်တမ်းဓါတ်ပုံများ ရိုက်ကူးခဲ့သည်။ အဆိုပါသင်တန်းကို တစ်လကြာ သင်ကြားပို့ချပေးခဲ့ပြီး သင်တန်းသို့ သင်တန်းသား/ သင်တန်းသူ (၁၃)ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)