သရက်မြို့၌ ကျောက်ကပ်သွေးသန့်စင်ဌာန၏ အကြိမ်(၅၀၀)ပြည့် ကျောက်ကပ်သွေးသန့်စင်ခြင်း အလှူငွေပေးအပ်ခြင်းနှင့် (၁၀/၂၀၂၅)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

မကွေးတိုင်းဒေသကြီး သရက်မြို့၌ ကျောက်ကပ်သွေးသန့်စင်ဌာန၏ အကြိမ်(၅၀၀)ပြည့် ကျောက်ကပ်သွေးသန့်စင်ခြင်း အလှူငွေပေးအပ်ခြင်းနှင့် (၁၀/၂၀၂၅)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပခြင်းကို ယမန်နေ့ မွန်းလွဲ (၂)နာရီက ခရိုင်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ဆောင်ရွက်ခဲ့သည်။

ကမာရွတ်မြို့နယ်တွင် မီလောင်မှုမဖြစ်ပွားစေရေးအတွက် မီးဘေးလုံခြုံရေးကွင်းဆင်းစစ်ဆေးခြင်းများဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်ခရိုင် ကမာရွတ်မြို့နယ်တွင် မီးလောင်ဆုံးရှုံးမှုများ မဖြစ်ပွားစေရေးအတွက် မီးဘေးလုံခြုံရေးကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့နံနက်ပိုင်းတွင် အမှတ်(၃)ရပ်ကွက်နှင့် အမှတ်(၈)ရပ်ကွက်တို့တွင် မြို့နယ်မီးသတ်စခန်းမှ ဒုတိယမြို့နယ်ဦးစီးမှူးဦးဆောင်၍ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများအား စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မင်းလှမြို့နယ်တွင် စာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ကျောင်းသူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများမှ ကြည့်ရှုအားပေး

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ၂၀၂၅ခုနှစ်၊ မတ်လတွင် Grade-5၊ Grade-9နှင့် Grade12စာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ကျောင်းသူများ တည်းခိုနေထိုင်ရာ ရုံးရပ်တောင်ရပ်ကွက်ရှိ မဟာစည်ဘုန်းကြီးကျောင်းနှင့် ရပ်ကွက်အတွင်းရှိနေအိမ်များသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်ဌာနဆိုင်ရာများမှ ယမန်နေ့ နေ့လယ် (၂)နာရီက ကွင်းဆင်းကြည့်ရှုအားပေးခဲ့သည်။

ကျွန်းစုမြို့၌ ကျောင်းသား၊ ကျောင်းသူများအား ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ဆေး တိုက်ကျွေး

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ဆေး (Oral Cholera Vaccine – OCV) ကို ဖေဖော်ဝါရီလ ၂၇ ရက်နေ့ နံနက် ၉ နာရီအချိန်က အ.ထ.က ကျွန်းစု‌ကျောင်း၌ တိုက်ကျွေးခဲ့ကြောင်း သိရသည်။

ကျောက်တံတားမြို့နယ်၌ ပြည်သူ့စစ်မှုထမ်း ဥပဒေ၊ နည်းဥပ‌ဒေရှင်းလင်းပွဲပြုလုပ်

ကျောက်တံတားခရိုင်၊ ကျောက်တံတားမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပ‌ဒေရှင်းလင်းပွဲအခမ်းအနားကို ယ‌မန်နေ့မွန်းလွဲ ၃ နာရီခွဲအချိန်ခန့်က ကျင်းပခဲ့သည်။

မိုင်းယောင်းမြို့နယ်အုပ်ချုပ်ရေးမှူး ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေသည် ယနေ့နံနက်ပိုင်းက သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြိတ်မြို့တွင် ယာယီနေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ငွေများပေးအပ်

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်အတွင်း အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာ၍ မြိတ်မြို့သို့ ပြောင်းရွှေ့ရောက်ရှိလာသည့် ပြည်သူများအား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ရန်ပုံငွေမှထောက်ပံ့ငွေများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ယမန်နေ့က ရပ်ကွက်/ကျေးရွာ ပြည်သူများ လက်ဝယ်အရောက် သွားရောက်ပေးအပ်ခဲ့ကြသည်။

ကျိုင်းတုံမြို့နယ်အဆင့် ရှာဖွယ်ကယ်ဆယ်ရေး သင်တန်းဆင်းပွဲ ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ် မီးသတ်ဦးစီးဌာနမှကြီးမှူးဖွင့်လှစ်သည့် မြို့နယ်အဆင့်ရှာဖွေကယ်ဆယ်ရေးသင်တန်း အမှတ်စဉ်(၁/၂၀၂၅)သင်တန်းဆင်းပွဲကို ယနေ့  နံနက် ၉ နာရီခွဲက မြို့နယ်မီးသတ်ဦးစီးမှူးရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မြို့သစ်မြို့၌မြို့နယ် ပညာရေးမှူးရုံးအဆောက်အဦးသစ် RCC (၂)ထပ်ဆောင် ဆောက်လုပ်ခြင်း(၈၀)ရာခိုင်နှုန်းခန့် ပြီးစီး

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် မြို့နယ်ပညာရေးမှူးရုံးအဆောက်အဦသစ် (၁၀၀×၃၀) RCC(၂)ထပ်ဆောင်အသစ်ဆောက်လုပ်လျက်ရှိရာ ယနေ့အချိန်အထိ တည်ဆောက်ရေးလုပ်ငန်းများ ၈၀ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ကျောက်တံတားမြို့နယ်၌ ယာယီနေရပ်စွန့်ခွာပြည်သူများအား (၁/၂၀၂၅)လအတွက် (ဒုတိယ)အကြိမ် ထောက်ပံ့ငွေများပေးအပ်

ဒေသအသီးသီးမှ ယာယီနေရပ်စွန့်ခွာ၍ ကျောက်တံတားတားမြို့နယ်အတွင်းသို့ ရောက်ရှိလာသည့် ယာယီနေရပ်စွန့်ခွာပြည်သူများအား (၁/၂၀၂၅)လအတွက်  ဒုတိယအကြိမ်ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ယမန်နေ့မွန်းလွဲ ၃ နာရီက စတင်ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to