သရက် ဖေဖော်ဝါရီ ၂၈
မကွေးတိုင်းဒေသကြီး သရက်မြို့၌ ကျောက်ကပ်သွေးသန့်စင်ဌာန၏ အကြိမ်(၅၀၀)ပြည့် ကျောက်ကပ်သွေးသန့်စင်ခြင်း အလှူငွေပေးအပ်ခြင်းနှင့် (၁၀/၂၀၂၅)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပခြင်းကို ယမန်နေ့ မွန်းလွဲ (၂)နာရီက ခရိုင်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ဆောင်ရွက်ခဲ့သည်။
အဆိုပါ အစည်းအဝေးတွင် သရက်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂) ဦးစိုးလှမြင့်က အဖွင့်အမှာစကားပြောကြားပေးခဲ့ပြီး အထူးကုဆရာဝန်(ဆေးပညာ) ဒေါက်တာရဲကျော်မိုးက အကြိမ်(၅၀၀)ပြည့်မြောက်သည်အထိ အောင်မြင်စွာကျောက်ကပ်သွေးသန့်စင်နိုင်ခဲ့ခြင်းနှင့် ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ပြောကြားပေးသည်။
ထို့နောက် ခရိုင်ပြည်သူ့ဆေးရုံ ကျောက်ကပ်သွေးသန့်စင်ဌာနမှတာဝန်ခံ အထက်တန်းသူနာပြု ဆရာမဒေါ်မီးမီးဇော်က လက်ရှိဆောင်ရွက်နေသည့် လုပ်ငန်းများအားရှင်းလင်းပေးခဲ့ပြီး ခရိုင်ပြည်သူ့ဆေးရုံ ကျောက်ကပ်သွေးသန့်စင်ဌာနအတွက် အလှူရှင်များမှ အလှူငွေများပေးအပ်ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂) ဦးစိုးလှမြင့် တာဝန်ရှိသူအသီးသီးက လက်ခံပေးခဲ့ကြောင်း သိရသည်။
ဇော်ထက်(သရက်)