မိုင်းယောင်း ဖေဖော်ဝါရီ ၂၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေသည် ယနေ့နံနက်ပိုင်းက သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ခဲ့ရာ ၂၀၂၄-၂၀၂၅ ဘဏ္ဏာနှစ်၊ ဝမ်ဟိုရမ်း၊ ဝမ်ဘန်း၊ ဝမ်လဲ၊ ဝမ်ကျူး၊ ဝမ်မိုင်- ကျောက်ခင်းလမ်း၊ အရှည်-(၄)ဖာလုံ၊ ထု -၆လက်မ၊ အကျယ်-၁၆ပေ၊ ရန်ပုံငွေ - ၇၉.၈၄ သန်း ပြည်နယ်ငွေလုံးငွေရင်းဖြင့် ဆောင်ရွက်ပြီးစီးမှုအခြေအနေအား မြို့နယ်တည်ဆောက်ရေးကော်မတီဝင်များဖြင့် စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)