တာလေမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာအုပ်၊ စာစောင်များ ငှားရမ်းပေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် စာဖတ်ရှိန်မြှင့်တင်ရေးနယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာဖတ်ပရိသတ်ထံ လက်ဝယ်အရောက် စာအုပ်၊ စာစောင်များငှားရမ်းပေးခြင်းကို အပတ်စဉ်ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ နံနက် ၉ နာရီက ဌာနဆိုင်ရာရုံးများနှင့် ရပ်ကွက်နေပြည်သူများထံ သွားရောက်အခမဲ့ငှားရမ်းပေးခဲ့ကြသည်။

နတ်မောက်မြို့နယ်၌ ဆောင်းသီးနှံမျိုးစုံ (၄၃၄၈၂) ဧက စိုက်ပျိုးပြီးစီး

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် ရာသီအလိုက် သီးနှံမျိုးစုံစိုက်ပျိုးထုတ်လုပ်လျက်ရှိရာ ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် သီးနှံမျိုးစုံ(၄၃၄၈၂)ဧက စိုက်ပျိုးပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မြစ်သားမြို့နယ်အတွင်းရှိ ၂၀၂၄-၂၀၂၅ ခုနှစ် ၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုမည့်စာစစ်ဌာနများအား မီးဘေးလုံခြုံရေးစစ်ဆေး

မန္တလေးတိုင်းဒေသကြီး၊  ကျောက်ဆည်ခရိုင်၊  မြစ်သားမြို့နယ်အတွင်းရှိ ၂၀၂၄-၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုသွားမည်ဖြစ်ရာ စာစစ်ဌာနများအား မီးဘေးလုံခြုံရေးအတွက် ယမန်နေ့မွန်းလွဲ(၁)နာရီအချိန်က မြို့နယ်မီးသတ်ဦးစီးဌာနနှင့်တာဝန်ရှိသူများ ပူးပေါင်းကာ မီးဘေးလုံခြုံရေးစစ်ဆေးကြပ်မတ်မှုများ ဆောင်ရွက်ခဲ့သည်။

ကျိုင်းတုံမြို့၌ ပြည်သူ့စစ်မှုထမ်းအမှတ်စဉ် (၈/၂၀၂၄) သင်တန်းဆင်းပွဲ ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ပြည်သူ့စစ်မှုထမ်းအမှတ်စဉ် (၈/၂၀၂၄) သင်တန်းဆင်းပွဲကို ယမန်နေ့က အမှတ်(၁၁)တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်းတွင် ကျင်းပရာ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စိုးလှိုင်နှင့်အဖွဲ့ဝင်များ၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဋ္ဌ ဦးဇော်လွင်ဦး၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့်အဖွဲ့ဝင်များ၊ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ပျော်ဘွယ်မြို့နယ်တွင် ဖျောက်ဆိပ်ပင်ရေလှောင်တမံ တည်ဆောက်ခြင်းလုပ်ငန်းအတွက် ကနဦးပတ်ဝန်းကျင်ဆန်းစစ်ခြင်းလုပ်ငန်းနှင့်ပတ်သက်၍ အများပြည်သူများအား တိုင်ပင်ဆွေးနွေးခြင်းအခမ်းအနား ကျင်းပ

ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ မိတ္ထီလာမြို့နယ်မှ ပျော်ဘွယ်မြို့နယ်၊ တွင်းရွာကျေးရွာအုပ်စု၊ တောင်ဂွကျေးရွာအနီးတွင် တည်ဆောက်မည့် ဖျောက်ဆိပ်ပင်ရေလှောင်တမံ တည်ဆောက်ခြင်းလုပ်ငန်းအတွက် ကနဦးပတ်ဝန်းကျင်ဆန်းစစ်ခြင်းလုပ်ငန်းနှင့်ပတ်သက်၍ အများပြည်သူများအား တိုင်ပင်ဆွေးနွေးခြင်းကို ဖေဖော်ဝါရီလ (၂၇) ရက် နံနက် (၁၀) နာရီက တွင်းရွာကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် ကျင်းပသည်။

ကြို့ပင်ကောက်မြို့၌ မီးဘေးကြိုတင်ကာကွယ်ရေးအတွက် တစ်အိမ်တက်ဆင်း စစ်ဆေးခြင်းနှင့် အသိပညာပေးနှိုးဆော်ခြင်းများဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်တွင် ပူပြင်းခြောက်သွေ့သောရာသီ စတင်ရောက်ရှိလာ၍ မီးဘေးကြိုတင်ကာကွယ်ရေးအတွက် ကုန်းမြင့်ကျေးရွာတွင် တစ်အိမ်တက်ဆင်းစစ်ဆေးခြင်းနှင့် မြို့ပေါ် ၁၀ ရပ်ကွက်အတွင်း အသိပညာပေးနှိုးဆော်ခြင်းများကို မြို့နယ်မီးသတ်ဦးစီးဌာနမှ ယမန်နေ့မွန်းလွဲပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ညောင်ဦးမြို့နယ်၌ ခရမ်းချဉ်သီးစျေးနှုန်း ကျဆင်းပြီး တောင်သူများ အရှုံးပေါ်

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်၌ ခရမ်းချဉ်သီးလှိုင်လှိုင်ပေါ်ချိန် ဈေးကောင်း မရရှိခြင်းကြောင့် ခရမ်းချဉ်စိုက်ပျိုးတောင်သူများ ခရမ်းချဉ်သီးဆွတ်ခူးရောင်းချချိန် တောင်သူများတွက်ခြေမကိုက်ဖြစ်ကာ အရှုံးနှင့်ရင်ဆိုင်နေရကြောင်း သစ်ထောင့်ကျေးရွာ ခရမ်းချဉ်စိုက်တောင်သူ ဦးအေးကိုထံက သိရသည်။

ဒဂုံမြို့နယ်၌ ယာယီနေရပ်စွန့်ခွာပြည်သူများအား တစ်ဦးလျှင် ငွေကျပ်(၂၀၀၀၀)နှုန်း ပေးအပ်ခြင်းအခမ်းအနား ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ်အတွင်း ဒေသအသီးသီးမှ ယာယီနေရပ်စွန့်ခွာပြည်သူများအား အမျိုးသားသဘာ၀ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ တစ်ဦးလျှင် ငွေကျပ် ၂၀၀၀၀ နှုန်းဖြင့်ပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့ နေ့လယ် ၁ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပခဲ့ကြောင်း သိရသည်။

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ကော့သောင်းခရိုင်နှင့် ဘုတ်ပြင်းခရိုင်အတွင်းရှိ ခရိုင်နှင့်မြို့နယ်ဝန်ထမ်းများနှင့်တွေ့ဆုံ၍ ကော့သောင်းခရိုင်အတွင်း ဒေသဖွံ့ဖြိုး‌ရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ညိုညိုဝင်းသည် ကော့သောင်းခရိုင်နှင့်ဘုတ်ပြင်းခရိုင်အတွင်းရှိ ခရိုင်နှင့်မြို့နယ်ဝန်ထမ်းများနှင့်တွေ့ဆုံခြင်းနှင့်‌ ကော့သောင်းခရိုင်အတွင်း ဒေသဖွံ့ဖြိုး‌ရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုခြင်းများကို ဖေဖော်ဝါရီလ (၂၇) ရက်နေ့၌ ဆောင်ရွက်ခဲ့သည်။
Subscribe to