ကျောက်တံတားမြို့နယ်၌ ပြည်သူ့စစ်မှုထမ်း ဥပဒေ၊ နည်းဥပ‌ဒေရှင်းလင်းပွဲပြုလုပ်

ကျောက်တံတား ဖေဖော်ဝါရီ ၂၈

ကျောက်တံတားခရိုင်၊ ကျောက်တံတားမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပ‌ဒေရှင်းလင်းပွဲအခမ်းအနားကို ယ‌မန်နေ့မွန်းလွဲ ၃ နာရီခွဲအချိန်ခန့်က ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားတွင် ကျောက်တံတားခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဥက္ကာမှ ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပ‌ဒေများအား ပြည်သူများကျယ်ကျယ်ပြန့်ပြန့်သိရှိစေ‌ရန်အတွက် တက်ရောက်လာသူများအား ရှင်းလင်းပြောကြားပြီး‌ တာဝန်ရှိသူများမှ ဆက်လက်ရှင်းလင်းဆွေးနွေးမှုများပြုခဲ့ပြီးနောက် တက်ရောက်လာသူများမှ သိရှိလိုသည်များမေးမြန်းခဲ့ကြကြောင်း သိရသည်။

ယင်းအခမ်းအနားသို့ ကျောက်တံတားခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဥက္ကာ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးထွေးဦးနှင့်အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်စာရေးများ၊ ရပ်ကွက်နေပြည်သူများ စုစုပေါင်း (၁၀၀) ဦးခန့် တက်ရောက်ခဲ့ကြ‌ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)