ကမာရွတ်မြို့နယ်တွင် မီလောင်မှုမဖြစ်ပွားစေရေးအတွက် မီးဘေးလုံခြုံရေးကွင်းဆင်းစစ်ဆေးခြင်းများဆောင်ရွက်

ကမာရွတ်   ဖေဖော်ဝါရီ  ၂၈

ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်ခရိုင် ကမာရွတ်မြို့နယ်တွင် မီးလောင်ဆုံးရှုံးမှုများ မဖြစ်ပွားစေရေးအတွက် မီးဘေးလုံခြုံရေးကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့နံနက်ပိုင်းတွင် အမှတ်(၃)ရပ်ကွက်နှင့် အမှတ်(၈)ရပ်ကွက်တို့တွင် မြို့နယ်မီးသတ်စခန်းမှ ဒုတိယမြို့နယ်ဦးစီးမှူးဦးဆောင်၍ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများအား စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့စစ်ဆေး‌ဆောင်ရွက်ရာတွင် မြို့နယ်အတွင်း မီး‌ဘေးလုံခြုံရေးအတွက် မီးချိတ်၊ မီးကပ်၊ သဲပုံး၊ ရေပုံးများစနစ်တကျထားရှိရေး ရေရရှိစေရန် မြို့နယ်အတွင်း တပ်ဆင်ထားသောမြေအောက်ရေပိုက်ခေါင်း(Hydrants)များ၊ စက်ရေတွင်းများ၊ ကောင်းမွန်မူရှိစေရေးနှင့် အသုံးပြုနိုင်ရေးစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါကွင်းဆင်းဆောင်ရွက်ရာသို့ ကမာရွတ်မြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များ၊ ဒုတိယမြို့နယ်မီးသတ်ဦးစီးမှူးနှင့်တပ်ဖွဲ့၀င်များ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ၀န်ထမ်းများမှပူးပေါင်း၍ စစ်ဆေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)