ကျိုင်းတုံ ဖေဖော်ဝါရီ ၂၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ် မီးသတ်ဦးစီးဌာနမှကြီးမှူးဖွင့်လှစ်သည့် မြို့နယ်အဆင့်ရှာဖွေကယ်ဆယ်ရေးသင်တန်း အမှတ်စဉ်(၁/၂၀၂၅)သင်တန်းဆင်းပွဲကို ယနေ့ နံနက် ၉ နာရီခွဲက မြို့နယ်မီးသတ်ဦးစီးမှူးရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောမင်းသူက သင်တန်းဆင်းအမှာစကားပြောကြားပြီး သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်သည်။ ထို့နောက် ခရိုင်မီးသတ်ဦးစီးမှူး ဦးထက်အောင်က သင်တန်းတွင် ထူးချွန်ပထဆုရရှိသူအား ဆုများပေးအပ်သည်။
အဆိုပါသင်တန်းသို့ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းများမှ သင်တန်းသား စုစုပေါင်း (၅၀)ဦး တက်ရောက်ကာ ဖေဖော်ဝါရီ ၁၇ ရက်မှ ၂၈ ရက်ထိ ဖွင့်လှစ်သင်ကြားပေခဲ့ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)