အထက်မင်းလှ ဖေဖော်ဝါရီ ၂၈
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ၂၀၂၅ခုနှစ်၊ မတ်လတွင် Grade-5၊ Grade-9နှင့် Grade12စာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ကျောင်းသူများ တည်းခိုနေထိုင်ရာ ရုံးရပ်တောင်ရပ်ကွက်ရှိ မဟာစည်ဘုန်းကြီးကျောင်းနှင့် ရပ်ကွက်အတွင်းရှိနေအိမ်များသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်ဌာနဆိုင်ရာများမှ ယမန်နေ့ နေ့လယ် (၂)နာရီက ကွင်းဆင်းကြည့်ရှုအားပေးခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် စာမေးပွဲဖြေဆိုရန်လာရောက်တည်းခိုနေထိုင်ကြသည့် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ စာမေးပွဲဖြေဆိုနိုင်ရေးအတွက် တည်းခိုနေထိုင်ရာတွင်လိုအပ်သည့် ကျန်းမာရေး၊ သောက်သုံးရေလုံလောက်စွာရရှိရေး၊ လျှပ်စစ်မီးအဆင်ပြေချောမွေ့စွာရရှိရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးမြတ်သူ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ ပညာရေးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများအဖွဲ့များက ကွင်းဆင်းကြည့်ရှုအားပေးပြီးလိုအပ်သည်များအား ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)