တောင်ဥက္ကလာပမြို့နယ်၌ အသက် ၂ လမှ ၅ နှစ် ကလေးငယ်များအား ပိုလီယိုရောဂါကာကွယ်ဆေး တိုက်ကျွေးခြင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဌာနခွဲနှင့် ရပ်ကွက်အတွင်းရှိစုရပ်များတွင်  ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က အသက် ၂ လ မှ ၅ နှစ် ကလေးငယ်များကို ပိုလီယိုရောဂါကာကွယ်ဆေး တိုက်ကျွေးခြင်းများ  ဆောင်ရွက်ကြကြောင်းသိရသည်။

ကျောက်ဆည်မြို့၌ Grade-5၊ Grade-9 နှင့် တက္ကသိုလ်ဝင် စာမေးပွဲလုပ်ငန်းဆိုင်ရာ ဆွေးနွေးပွဲပြုလုပ်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း အနော်ရထာခန်းမတွင် ယမန်နေ့နံနက် ၉ နာရီက ၂၀၂၅ ခုနှစ်၊ အခြေခံပညာ မူလတန်းအဆင့် Grade-5၊ အခြေခံပညာအလယ်တန်းအဆင့် Grade-9 နှင့် တက္ကသိုလ်ဝင်စာမေးပွဲလုပ်ငန်းဆိုင်ရာ ဆွေးနွေးပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျောက်ပန်တောင်းမြို့နယ် ကျေးလက်တောင်သူများ ဖရဲများစတင်စိုက်ပျိုးနေပြီဖြစ်

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ် ကျေးလက်တောင်သူများ နှစ်တစ်တစ် ခေါ် ဂျပန်ဖရဲများ စတင်စိုက်ပျိုးနေကြပြီဖြစ်ကြောင်း ကန်ပတ်လည်ကျေးရွာအုပ်စု၊ မုန့်ကုန်းကျေးရွာ ဦးမင်းညိုထံက သိရသည်။

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့) လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁/၂၀၂၅) ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့) လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁/၂၀၂၅)ကို ယမန်နေ့က ပြည်နယ်ဒုတိယအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ကျိုင်းတုံ)ရုံးတွင် ကျင်းပသည်။

ညောင်ဦးမြို့နယ် ဝေမျှခြင်းပရဟိတမိသားစု သောက်သုံးရေလှူဒါန်း

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် သောက်သုံးရေလိုအပ်လျှက်ရှိသော ထီးပုကျေးရွာအုပ်စု၊ ကောင်းညိုကျေးရွာသို့ ဖေဖော်ဝါရီ ၂၈ ရက်၊ နံနက် ၈ နာရီအချိန်က သောက်သုံးရေ ၁၆၀၀ ဂါလံ သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

မြစ်သားမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် (၁၀)နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ၄၇ ပါးစုံညီ ဧကူနဝီသတိမအစည်းအဝေး ပထမနေ့ ကျင်းပ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ၄၇ ပါးစုံညီ ဧကူနဝီသတိမအစည်းအဝေး ပထမနေ့ကို ယမန်နေ့နံနက် ၈ နာရီ၌ ရန်ကုန်မြို့၊ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေ၊ ဝိဇယမင်္ဂလာဓမ္မသဘင်တွင် ကျင်းပသည်။

မိုင်းပျဉ်းမြို့နယ်၌ ဒေသဖွံ့ဖြိုးရေးအတွက် စစ်ကြောင်းကြီး(၅)ကြောင်းဖြင့်ကွင်းဆင်း၍ ဟောပြာပွဲကျင်းပပြုလုပ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊   ကျိုင်းတုံခရိုင်၊    မိုင်းပျဉ်းမြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများစုပေါင်း၍ ဒေသဖွံ့ဖြိုးရေးအတွက် စစ်ကြောင်းကြီး(၅)ကြောင်းမှ ဒေသတွင်းကွင်းဆင်းဟောပြောခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက  ယမ်းမိုင်ကျေးရွာအုပ်စု၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

မြိတ်မြို့တွင် ဖိတ်ခေါ် မြန်မာ့ရိုးရာ လက်ဝှေ့ပြိုင်ပွဲကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၌ အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်‌ရေးနှင့် မျိုးဆက်သစ် မြန်မာ့ရိုးရာလက်ဝှေ့ အားကစားသမားများ မွေးထုတ်ပေးနိုင်ရေးအတွက် မြိတ်မြို့နယ် မြန်မာ့ရိုးရာလက်ဝှေ့ ဆပ်ကော်မတီဥက္ကဋ္ဌဖလား ဖိတ်ခေါ်မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲကို ယမန်နေ့ နံနက်ပိုင်းက ခရိုင်အားကစားခန်းမတွင် ကျင်းပခဲ့သည်။

တနင်္သာရီမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ တုံ့ပြန်ကာကွယ်ဆေး တိုက်ကျွေးခြင်းလုပ်ငန်း ဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်အတွင်း ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားမှု လျောနည်းပပျောက်စေရေးအတွက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာနွေးဟေမာသင်းနှင့် ပူးပေါင်းအဖွဲ့များက ဖေဖော်ဝါရီလ ၂၇ ရက်နေ့ နံနက် ၇ နာရီမှ ညနေ ၄ နာရီအထိ တောင်ကိုရီးယားနိုင်ငံထုတ် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ တုံ့ပြန်ကာကွယ်ဆေး “Euvichol” ကို အ.ထ.က-တနင်္သာရီကျောင်း ပညာရတနာခန်းမအတွင်း၌ ချောင်းကြီးရပ်ကွက်အတွင်းမှ အသက် (၁) နှစ်နှင့်အထက် ကလေးများနှင့် အသက်ကြီး အရွယ်အိုများအထိ ဦးတည် အုပ်စုများအား တိုက်ကျွေးပေးခြင်းလုပ်ငန်းကို ဆောင်ရွက်ပေးကြသည်။
Subscribe to