မိုင်းပန် ဇွန် ၁၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်၌ ဝန်ထမ်းပေါင်းစုံငွေစုငွေချေးသမဝါယမအသင်း (လီမိတက်) ၏ ၂၀၂၅-၂၀၂၆ ခုဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို မြို့နယ်သမဝါယမဦးစီးဌာနရုံး၌ ယမန်နေ့နံနက် ၉ နာရီက ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟန်ဇော်မြင့်က အဖွင့်အမှာစကားပြောကြားပြီး ဝန်ထမ်းပေါင်းစုံငွေစုငွေချေး သမဝါယမအသင်းဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့် သမဝါယမဦးစီးအရာရှိ ဦးလွမ်းနိုင်တို့က အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ အဖွဲ့အတွင်းရေးမှူး ဦးသိန်းနိုင်ဝင်းက ၂၀၂၅-၂၀၂၆ ခုဘဏ္ဍာရေးနှစ် နှစ်ချုပ်စာရင်းအား ဖတ်ကြားရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် သဘာပတိမှ အသင်းသားများ၏ သဘောထားများရယူ၍ အစည်းအဝေးသို့ တက်ရောက်လာသူများအား သိရှိလိုသည်များ မေးမြန်းခဲ့ကြပြီး အသင်းသားကိုယ်စားလှယ်များထံ အတိုးငွေများ ထုတ်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)