ဟားခါး ဧပြီ ၁၀
ချင်းပြည်နယ်၊ ဟားခါးမြို့ ၊ စျေးသစ်ရပ်ကွက်၌ ယမန်နေ့ နံနက် ၂ နာရီက မီးလောင်မှုဖြစ်ပွားရာ လူနေအိမ် (၄) လုံး မီးလောင်ကျွမ်းခဲ့ပြီး မီးလောင်မှုကြောင့် လူနှင့်တိရိစ္ဆာန်ထိခိုက် ဒဏ်ရာရရှိမှုမရှိကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဟားခါးမြို့၊ စျေးသစ်ရပ်ကွက်တွင်နေထိုင်သူ ဦးယောဆွက (၃) မိနစ် ရေနွေးအိုးတည်ရာမှ အပူလွန်ကဲ၍ မီးစတင်လောင်ကျွမ်းခဲ့ပြီး ၎င်းလူနေအိမ်အပြင် အနီးအနားရှိ လူနေအိမ်(၃)လုံး ကူးစက်လောင်ကျွမ်းခဲ့ကြောင်း၊ မီးလောင်မှုဖြစ်ပွားရာနေရာသို့ ချင်းပြည်နယ်မီးသတ်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးစံရွှေထွန်းနှင့် သန္ဓေတပ်ဖွဲ့ဝင်များ၊ ခလရ (၂၆၆) မှ ဒုတိယဗိုလ်မှူးကြီး အေးသန့်နှင့် တပ်ဖွဲ့ဝင်များက မီးငြှိမ်းသတ်ယာဉ် (၂)စီး၊ ရေသယ်ယာဉ်(၃)စီးနှင့် အုပ်ချုပ်မှုယာဉ်(၁) စီး၊ စုစုပေါင်း (၆) စီးဖြင့် သွားရောက်မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၂ နာရီ ၄၀ မိနစ်ခန့်တွင် မီးလုံးဝ ငြှိမ်းသတ်နိုင်ခဲ့သည်။
မီးလောင်မှုကြောင့် စုစုပေါင်းလူနေအိမ် (၄) လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး မီးဘေးသင့်အိမ်ထောင်စု (၄) စုအတွက် ချင်းပြည်နယ်အစိုးရအဖွဲ့မှ အိမ်ထောင်စုတစ်စုလျှင် ဆန် (၁) အိတ်နှုန်းနှင့် ချင်းပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာနမှ (၁၇) မျိုးပါ ကယ်ဆယ်ရေးပစ္စည်း (Family Kit) များ ၊ မိသားစုဝင် (၁၅) ဦးအတွက် (၇) ရက်စာ ဆန်ရိက္ခာဖိုးနှင့် အိမ်ဆောက်ပစ္စည်းဖိုး စုစုပေါင်း ၄၃၆၅၂၄/− ကို ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲတွင် ဟားခါးမြို့နယ် ခေတ္တအုပ်ချုပ်ရေးမှူး ဦးမျိုးကိုကိုက သက်ဆိုင်ရာမီးဘေးသင့်အိမ်ထောင်စုများအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)