ညောင်ဦး ဧပြီ ၁၀
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ယနေ့နံနက် ၉ နာရီခွဲအချိန်က အခြေခံစာကြည့်တိုက်ပညာသင်တန်း ဆက်လက်ဖွင့်လှစ်သင်ကြားလျက်ရှိသည်။
ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သူဇာစိုးက ဒယူဝီဒဿမျိုးတူစု စနစ်ခွဲခြားရေးသွင်းခြင်းအကြောင်းအရာကို လည်းကောင်း၊ ကျောက်ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မေသက်နွယ်က ကတ်တလောက်ရေးသွင်းနည်းအကြောင်းအရာတို့အား စာတွေ့လက်တွေ့ သင်ကြားပို့ချလျက်ရှိကြောင်း သိရသည်။ အခြေခံစာကြည့်တိုက်ပညာသင်တန်းသို့ ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများ၊ ကျောက်ပန်းတောင်းမြို့၊ ငါ့သရောက်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ တက်ရောက်ကြကြောင်း သိရသည်။
ဒီပါလင်း