၂၀၂၄ ခုနှစ်၊ ပါဠိပထမပြန်စာမေးပွဲ ဖြေဆိုတော်မူကြမည့် စာဖြေသံဃာ၊ သီလရှင်များနှင့် ကြီးကြပ်ရေးဆရာတော်တို့အား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီး ဒေါ်စိုးစိုးသက်တို့ နေ့ဆွမ်းဆက်ကပ်လှူဒါန်း

ပဲခူး ဧပြီ ၁၀

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီးဒေါ်စိုးစိုးသက်တို့သည် ယနေ့နံနက်ပိုင်းက ပဲခူးမြို့၊ ဗုဒ္ဓအသံဓမ္မဗိမာန်တော်ကြီး၌ ၂၀၂၄ ခုနှစ်၊ ပါဠိပထမပြန်စာမေးပွဲ၊ ပဲခူးမြို့နယ်စာဖြေဌာနရှိ ပထမကြီးတန်းဖြေဆိုတော်မူကြမည့် စာဖြေသံဃာ၊ သီလရှင်များနှင့် ကြီးကြပ်ရေးဆရာတော်တို့အား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြသည်။

၂၀၂၄ ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲ(ပထမကြီးတန်း)ကို ပဲခူးမြို့နယ်အတွင်းရှိ စာသင်တိုက်များမှ ရဟန်း၊ သာမဏေ၊ သီလရှင်(၁၈၂)ပါး ဖြေဆိုလျက်ရှိပြီး ပဲခူးမြို့နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌဆရာတော်နှင့် မြို့နယ်သံဃနာယကအဖွဲ့ဝင် ဆရာတော်များ၊ ဓမ္မာစရိယကြီးကြပ်ရေးဆရာတော်များ၏ အနီးကပ်ကြီးကြပ်တို့မှုဖြင့် ဖြေဆိုကြပြီး စာမေးပွဲအဆင်ပြေချောမွေ့စွာဖြေဆိုနိုင်ရေးအတွက် ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့်အဖွဲ့ဝင်များက စာဖြေသံဃာတော်များနှင့် သီလရှင်များအား အအေးများ၊ ရေသန့်ဗူးများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။

သက်ဖြိုးကြိုင်(ပြန်/ဆက်)