ကော့သောင်းမြို့နယ်တွင်  မီးသတိမူရေးနှင့် မီးဘေးကြိုတင်ကာကွယ်နိုင်ရေးအတွက် အသိပညာပေး လက်ကမ်းစာစောင်၊ အရေးပေါ်ဆက်သွယ်နိုင်သည့် တယ်လီဖုန်းနံပါတ် နှင့် 191 စတစ်ကာများ ဖြန့်ဝေ

ကော့သောင်း  ဧပြီ ၁၂

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်အတွင်းရှိ လူစည်ကားရာ နေရာများတွင် ခရိုင်မီးသတ်ဦးစီးဌာနမှ ကြီးမှူး၍ ပြည်သူများအား မီးသတိမူရေး၊ မီးဘေးကြိုတင်ကာကွယ်နိုင်ရေးနှင့် သိရှိလိုက်နာဆောင်ရွက်နိုင်ရန်အတွက် အသိပညာပေး လက်ကမ်းစာစောင်၊ အရေးပေါ် ဆက်သွယ်နိုင်သည့် တယ်လီဖုန်းနံပါတ်နှင့် 191 စတစ်ကာများကို ယမန်နေ့ နံနက်ပိုင်းတွင် ဖြန့်ဝေဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထို့နောက် ခရိုင်မီးသတ်ဦးစီးမှူး ဦးမျိုးသူရ၀င်း ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များက လူစည်ကားရာ နေရာဖြစ်သည့်‌ ကော့သောင်းမြို့၊ ဗိုလ်ချုပ်လမ်းမကြီး၌ ခရီးသွားလာပြည်သူများနှင့် ဒေသခံပြည်သူများအား အသိပညာပေး လက်ကမ်းစာစောင်၊ အရေးပေါ် ဆက်သွယ်နိုင်သည့် တယ်လီဖုန်းနံပါတ် နှင့် 191 စတစ်ကာများ ဖြန့်ဝေခဲ့ကြသည်။

အသိပညာပေး လက်ကမ်းစာစောင်တွင် မီးလောင်မှုဖြစ်ရသည့် အကြောင်းအရင်းများ၊ မိမိနေအိမ်တွင် မီးဘေးအန္တရာယ် ကင်းဝေးစေရန် ဆောင်ရွက်ရမည့် အချက်များ၊ မီးသတ်ဆေးဘူး အသုံးပြုနည်း၊ မီးဘေးနှင့် သဘာဝဘေး ကြုံတွေ့လာပါက ဆက်သွယ်ဆောင်ရွက်ရန်စသည့် ပညာပေး အချက်အလက်များ ပါဝင်သည့် မီးဘေးလုံခြုံရေး အသိပညာပေး လက်ကမ်းစာစောင်များနှင့်  မီးသတ်တပ်ဖွဲ့သို့ အရေးပေါ် ဆက်သွယ်အကူအညီ တောင်းခံနိုင်သည့် တယ်လီဖုန်းနံပါတ် 191 စတစ်ကာ အကြီး/အသေး များအား မော်တော်ယာဉ်၊ ဆိုင်ကယ်နှင့် ဘေးတွဲဆိုင်ကယ်များတွင် ကပ်ပေးခြင်း၊ 191 စတစ်ကာများကို အများ ပြည်သူမြင်နိုင်သော နေရာများတွင် ကပ်နှံပေးခြင်းများကို ခရိုင်/မြို့နယ် နယ်မြေစခန်းများ တပြိုင်နက် ကျယ်ပြန့်စွာ ဝေငှဆောင်ရွက်ခဲ့ကြကြောင်း သတင်းရသည်။

ခရိုင်(ပြန်/ဆက်)