ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် မြန်မာနှစ်ဆန်း(၁)ရက်နေ့၌ မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့်အညီ သက်ကြီးဘိုးဘွား ပူဇော်ပွဲများနှင့် ဇီဝိတဒါန ငါးလွှတ်ပွဲများ ကျင်းပ

ရန်ကုန် ဧပြီ ၁၈

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် မြန်မာနှစ်ဆန်း(၁)ရက်နေ့၌ မြန်မာ့ရိုးရာ ယဉ်ကျေးမှုနှင့်အညီ သက်ကြီးဘိုးဘွား ပူဇော်ပွဲများနှင့် ဇီဝိတဒါန ငါးလွှတ်ပွဲများကို ကျင်းပခဲ့ကြကြောင်း သိရသည်။

သက်ကြီးဘိုးဘွားပူဇော်ကန်တော့ပွဲများ တာမွေမြို့နယ်တွင် အသက်(၉၅)နှစ်နှင့်အထက် အဘိုး (၁၂)ဦးနှင့် အဘွား (၅၂)ဦး စုစုပေါင်း အဘိုးအဘွား (၆၄)ဦးတို့အား တစ်ဦးလျှင် ငွေကျပ် သုံးသောင်းနှင့် ကန်တော့ခံပစ္စည်းများကိုလည်းကောင်း၊ ဒေါပုံမြို့နယ်တွင် အသက်(၉၀) နှစ်နှင့်အထက် သက်ကြီးအဘိုး၊အဘွား(၁၄)ဦးတို့အား လှူဖွယ်ပစ္စည်းများကိုလည်းကောင်း၊ ဆိပ်ကြီးခနောင်တိုမြို့နယ်တွင် အဘိုးအဘွား (၆၄) ဦးအတွက် ကျပ်(၁၂၈၀၀၀၀)နှင့် လှူဒါန်းဆေးပစ္စည်း တန်ဖိုးငွေ ကျပ်(၂)သိန်း၊ စုစုပေါင်း တန်ဖိုးငွေ ကျပ်(၁၄၈၀၀၀၀) ကိုလည်းကောင်း၊ ဒလမြို့နယ်တွင် အသက်(၈၅)နှစ်နှင့် အထက် သက်ကြီးဘိုးဘွား(၄၈)ဦးတို့အား အလှူငွေနှင့် ကန်တော့ခံပစ္စည်းများကိုလည်းကောင်း၊ ထန်းတပင်မြို့နယ်တွင် အသက်(၈၅)နှစ် အထက်သက်ကြီးဘိုးဘွား(၅၅) ဦးတို့အား အလှူငွေနှင့် ကန်တော့ခံပစ္စည်းများကိုလည်းကောင်း၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် အသက်(၉၀)နှင့်အထက်အဘိုး၊ အဘွားစုစုပေါင်း(၂၇)ဦးအား တစ်ဦးလျှင် အလှူငွေကျပ်(၃၀၀၀၀)ကျပ်နှင့် လှူဖွယ်ပစ္စည်းများကိုလည်းကောင်း၊ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်တွင် အသက် ၉၃ နှစ်အထက် အပူဇော်ခံသက်ကြီးဘိုးဘွား ၅၀ ဦးအား ပူဇော်ခံဝတ္တုပစ္စည်းများနှင့် ပူဇော်ငွေများကိုလည်းကောင်း၊ တိုက်ကြီးမြို့နယ်တွင် လူမှုရေးအသင်းအဖွဲ့များက ဘိုးဘွား ၅၀ ဦးတို့အား အလှူငွေနှင့် လှူဖွယ်ပစ္စည်းများကို လည်းကောင်း၊ တောင်ဥက္ကလာပမြို့နယ်တွင် ကန်တော့ခံ အဖိုး(၄၆)ဦးနှင့် အဘွား(၉၄)ဦး စုစုပေါင်း(၁၄၀)ဦးတို့အား ဂါရဝပြုကန်တော့အလှူငွေနှင့် လှူဖွယ်ပစ္စည်းများကိုလည်းကောင်း ၊ လှည်းကူးမြို့နယ်တွင် အသက်(၈၅)နှစ်နှင့်အထက် အဘိုး၊ အဘွားစုစုပေါင်း (၈၅၀)ဦးအား တစ်ဦးလျှင်ဆန်(၅) ပြည်အိတ်တစ်အိတ်၊ ဆီတစ်ဘူးနှင့် ကြက်ဥ(၁၀)လုံးတို့ကိုလည်းကောင်း၊ သုံးခွမြို့နယ်တွင် အသက် (၈၅)နှစ်အထက်အဘိုး (၉)ဦး အဘွား (၁၅)ဦးတို့အား အလှူငွေများနှင့် ဆေးဝါးများကိုလည်းကောင်း၊ တွံတေးမြို့နယ်တွင် မိဘဂုဏ်ဘွားဘွားရိပ်သာရှိ ဘိုးဘွား(၁၆)ဦးကို ဘိုးဘွားတစ်ဦးလျှင် အလှူငွေ ၅၀၀၀၀ နှင့် ပစ္စည်းတန်ဖိုး ၅၀၀၀၀ စုစုပေါင်း တစ်သိန်းကျပ်ဖိုး ကိုလည်းကောင်း ပေးအပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

ဇီဝိတဒါနအဖြစ် ငါးလွှတ်ပွဲများကို  သင်္ဃန်းကျွန်းမြို့နယ်တွင် လိပ်ပြာကန်အတွင်းသို့ငါးမျိုးစုံ ငါးသားပေါက် အကောင်ရေ (၁၀၀၀)ကိုလည်းကောင်း၊ ကော့မှူးမြို့နယ်တွင် ရေးအဖွဲ့များက ဖလေးချောင်းအတွင်းသို့ငါးမြစ် ချင်းကောင်ရေ(၂၀၀၀)၊ ငါးခုံးမ (၈၀၀၀)တို့ကိုလည်းကောင်း၊  ဒလမြို့နယ်တွင် ဆုတောင်းပြည့် မဟာသင်္ကြန်ဘုရားကြီး၏ ရေကန်အတွင်းသို့ ငါးကြင်း  စုစုပေါင်းအကောင်ရေ(၅၀၀၀)ကိုလည်းကောင်း၊ ထန်းတပင်မြို့နယ်တွင် တဝရွှေဂူကြီးဘုရား၊ သီရိမင်္ဂလာကန်တော်အတွင်းသို့ ငါးသားပေါက်များကိုလည်းကောင်း၊ လှည်းကူးမြို့နယ်တွင် ငမိုးရိပ်ဆည်အတွင်းသို့ ငါးသားပေါက် (၂၀၀၀) ကိုလည်းကောင်း၊ တိုက်ကြီးမြို့နယ်တွင် ဖူးကြီးရေလှောင်ကန်အတွင်းသို့ နှစ်လက်မအရွယ် ရွှေဝါငါးကြင်းပေါက်ကောင်ရေ ၁၀၀၀၀ နှင့် ငါးခုံးမကြီး ကောင်ရေ ၅၀၀၀ တို့ကိုလည်းကောင်း၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်တွင် ကျုံးဆည်အတွင်းသို့ ငါးသားပေါက် (၅၀၀၀) ကိုလည်းကောင်း၊ တွံတေးမြို့နယ်တွင် တွံတေးတူး မြောင်းအတွင်းသို့ ငါးမြစ်ချင်း(၅၀၀၀)၊ ငါးခေါင်းပွကြီး(၅၀၀၀) စုစုပေါင်းငါးကောင်ရေ(၁၀၀၀၀)ကို လည်းကောင်း၊ ကွမ်းခြံကုန်းမြို့နယ်တွင် သုံးခွချောင်းအတွင်းသို့ ငါးမြစ်ချင်းကောင်ရေး (၁၀၀၀၀) ကိုလည်းကောင်း ဇီဝိတဒါနအဖြစ် ကုသိုလ်ပြုလွှတ်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ သက်ကြီးဘိုးဘွား ပူဇော်ပွဲများနှင့် ဇီဝိတဒါန ငါးလွှတ်ပွဲများတွင် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေး ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ပြန်/ဆက်