ပြည် ဧပြီ ၁၈
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏အမိန့်အမှတ် ၃၀/၂၀၂၄ ဖြင့် ပြည်မြို့အကျဥ်းထောင်မှ အကျဥ်းသား/အကျဥ်းသူ စုစုပေါင်း ၄၀ ဦးအား ယမန်နေ့ မွန်းလွဲ ၁ နာရီက လွတ်ငြိမ်းခွင့်ပြုပေးကြောင်း သိရသည်။
ထိုသို့လွတ်ငြိမ်းခွင့်ပြုပေးရာတွင် ပြည်ခရိုင်နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အကျဥ်းဦးစီးဌာန၊ ပြည်ခရိုင်နှင့် မြို့နယ်ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့တို့မှ တာဝန်ရှိသူများက လွတ်ငြိမ်းခွင့်ပြုခြင်းခံရသူများကို ဆုံးမသြဝါဒစကားများပြောကြားပြီး ၎င်းတို့၏ နေရပ်ထံသို့ပြန်လည်ရောက်ရှိရေးအတွက် လိုအပ်သည်များ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကိုဆက်(ပြန်/ဆက်)