နေပြည်တော် ဧပြီ ၁၈
မြန်မာနှစ်ဆန်းတစ်ရက်နေ့ ဇီဝိတဒါနစုပေါင်းငါးလွှတ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၈ နာရီတွင် ဇမ္ဗူသီရိမြို့နယ် မင်္ဂလာကန်တော်၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့်ဇနီး ဒေါ်သီတာဇင်၊ နေပြည်တော်ကောင်စီဝင်များနှင့် ၎င်းတို့၏ဇနီးများ၊ နေပြည်တော်စည်ပင်သာယာ ရေးကော်မတီ ဒုတိယမြို့တော်ဝန်နှင့် တာဝန်ရှိသူများ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူ များ တက်ရာက်ကြသည်။
အခမ်းအနားတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် ဇနီး ဒေါ်သီတာဇင်၊ နေပြည်တော် ကောင်စီဝင်များနှင့် ၎င်းတို့၏ဇနီးများ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော် ဝန်နှင့် တာဝန်ရှိသူများ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက မင်္ဂလာကန်တော် ရေပြင်အတွင်း ရွှေဝါငါးကြင်းအကောင်ရေ နှစ်သောင်းငါးထောင်၊ ထိုင်းငါးခုံးမ အကောင်ရေ နှစ်သောင်းငါးထောင် စုစုပေါင်း ငါးအကောင်ရေ ငါးသောင်းကို ဇီဝိတဒါနအဖြစ် ကုသိုလ်ပြုလွှတ်ပေး ခဲ့ကြကြောင်း သိရသည်။
ထွန်းထွန်းဝင်း(ပြန်/ဆက်)