ခိုလမ်မြို့တွင် အငြိမ်းစားဝန်ထမ်း ပင်စင်လစာငွေများ ထုတ်ပေး

ခိုလမ် ဧပြီ ၂၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့၊ မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို  ယနေ့နံနက် (၉) နာရီအချိန်က မြန်မာ့စီးပွားရေးဘဏ်တွင် စတင်ထုတ်ပေးလျက်ရှိ​သည်။

အဆိုပါ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို မြန်မာ့စီးပွားရေးဘဏ် မြို့နယ်ဘဏ်မန်နေဂျာ ဦးဝင်းကျော်ထွေးနှင့်ဝန်ထမ်းများမှ ဧပြီလ (၂၂) ရက် မှ  (၃၀) ရက်နေ့အထိ  ရုံးဖွင့်ရက်များတွင် နံနက် (၉) နာရီ မှ မွန်းလွဲ (၂) နာရီထိ အငြိမ်းစားဝန်ထမ်း (၁၀၀) ဦးခန့်တို့၏ ပင်စင်လစာငွေများကို စနစ်တကျ ထုတ်ပေးသွားမည်ဖြစ်ကြောင်း  သိရသည်။

နေလင်းထွန်း(ပြန်/ဆက်)