ပြင်ဦးလွင် ဧပြီ ၂၂
ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပန်းအိမ်ကိုယ်ပိုင်ကျောင်းတို့ ပူးပေါင်း၍ ပြင်ဦးလွင်ခရိုင်မှ ၂၀၂၃- ၂၀၂၄ ပညာသင်နှစ် လူရည်ချွန်မောင်/မယ်ရှစ်ဦးနှင့် အသိပညာပေး Talk Show အစီအစဉ် ရိုက်ကူးတင်ဆက်ခြင်းကို ယမန်နေ့နံနက် ၉ နာရီက ပြင်ဦးလွင်မြို့ စာပန်းအိမ်ကိုယ်ပိုင်အထက်တန်းကျောင်း အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝါဝါလွင်က အသိပညာပေး Talk Show ရိုက်ကူးရခြင်း၏ ရည်ရွယ်ချက်အားရှင်းလင်းပြောကြားသည်။ ထို့နောက် အသိ ပညာပေး Talk Show အစီအစဉ်ရိုက်ကူးရာ ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ယမင်းလှိုင်က အစီအစဉ်တင်ဆက်သူအဖြစ် ဆောင်ရွက်၍ မေးခွန်းများမေးမြန်းရာ ပြင်ဦးလွင်ခရိုင်၊ စာပန်းအိမ်ကိုယ်ပိုင်အထက်တန်း ကျောင်းမှ လူရည်ချွန် မောင်/မယ် ရှစ်ဦးဖြစ်သည့်မောင်ရန်လင်းအောင် (Grade-12)၊ မနေခြည်လင်းလဲ့ (Grade-12)၊ မောင်ကျောင်စွာဟိန်း (Grade-11) ၊ မသီရိထွန်း(Grade-11)၊ မောင်စည်သူကျော်ဇော (Grade-10)၊ မဖူးနေခြည်ကို (Grade-10)၊ မောင်ထွဋ်မြတ်လင်း (Grade-9)နှင့် မဆုလင်းထက် (Grade-9) တို့က နှစ်ထပ်ကွမ်းလူရည်ချွန်များဖြစ်လာရေး ကြိုးစားလေ့လာခဲ့ရပုံများ၊ ကြိုတင်ပြင်ဆင်သင့် သည့်အရာများ၊ အနာဂတ်ရည်မှန်းချက်များနှင့် လူရည်ချွန်အဖြစ်ကြိုးစားလိုသော ကျောင်းသား၊ ကျောင်းသူများအတွက် ဗဟုသုတရဖွယ် အသိပညာများကို မျှဝေဆွေးနွေးသည်။
အဆိုပါ အသိပညာပေး Talk Show အပြည့်အစုံကို MOI Website ,MTube Channel၊ ပန်းမြို့ တော် Facebook Pageနှင့် Telegram Channel တို့တွင် လွှင့်တင်ဖော်ပြပေးမည်ဖြစ်ကြောင်း သိရသည်။
ဖြူလူသစ် (ခရိုင် ပြန်/ဆက်)