သရက်ချောင်းမြို့နယ်၌ ပေါ်ဦးပေါ်ဖျား ရာသီပေါ်ဒူးရင်းသီးများ ဈေးကောင်းရရှိနေ

သရက်ချောင်း      ဧပြီ     ၂၂

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်အတွင်းရှိ ဥယျာဉ်ခြံလုပ်ကိုင်သူများသည် နှစ်ရှည်ပင်များနှင့် ရာသီပေါ်သီးနှံပင်များစိုက်ပျိုးကြပြီး ဒူးရင်းသီးများ စတင်ပေါ်ထွက်ချိန်တွင် ဈေးကောင်းရရှိနေကြောင်း ဒူးရင်းသီးစိုက်ပျိုးရောင်းချသူ ဒေါ်တင်နုက ပြောသည်။

သရက်ချောင်းမြို့နယ်တွင် ဒူးရင်းသီးများသည် နှစ်စဉ်ဧပြီလအစောပိုင်းမှ ဩဂုတ်လအစောပိုင်းအထိ ပေါများစွာထွက်ရှိပြီး အမြို့မြို့အနယ်နယ်သို့ ရောင်းချလျက်ရှိသည်။ ယခုအခါ ပေါ်ဦးပေါ်ဖျား ဒူးရင်းသီးများ လှိုင်လှိုင်ထွက်ရှိနေပြီး အရွယ်အစားအပေါ်မူတည်၍ ဒူးရင်းသီးတစ်လုံးလျှင် ကျပ် ၃၀၀၀ မှ ကျပ် ၁၀၀၀၀ အထိ ဈေးရရှိနေကြောင်း ဥယျာဉ်ခြံလုပ်ကိုင်သူ‌တောင်သူများထံမှ သိရသည်။

ပြည့်ဖြိုးပိုင်(ပြန်/ဆက်)