တကောင်း ဧပြီ ၂၇
မန္တလေးတိုင်းဒေသကြီး၊ တကောင်းမြို့ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ပြည်သူ့စာကြည့်တိုက်သို့လာရောက်မငှားရမ်းနိုင်သည့် စာဖတ်ပရိသတ်များအား Mobile Library စနစ်ဖြင့် လစဉ်ငှားရမ်းပေးလျက်ရှိလာ ယမန်နေ့နံနက်(၁၀)နာရီက တကောင်းမြို့ အမှတ်(၃)ရပ်ကွက်ရှိ ပြည်သူများအား စာအုပ်၊ စာစောင်များ(အခမဲ့)ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ဒေသခံပြည်သူများအား စာပေဖတ်ရှုသည့်အလေ့အကျင့်ကောင်းများရရှိစေရန်၊ စာအုပ်၊ စာပေနှင့် ပိုမိုရင်နှီးကျွမ်းဝင်စေသည့်အပြင် စာပေများမှပေးသည့် အသိပညာဗဟုသုတများရရှိစေရန်၊ စာဖတ်ရှိန်ပိုမိုမြင့်မားလာစေရန်၊ အလုပ်တာဝန်များကြောင့် ပြည်သူ့စာကြည့်တိုက်သို့ လာရောက်ငှားရမ်းနိုင်ခြင်းမရှိသည့် ပြည်သူများအား စာအုပ်၊ စာပေဖတ်ရှုလေ့လာနိုင်စေရန်ရည်ရွယ်၍ အမှတ်(၃)ရပ်ကွက်ရှိ ပြည်သူများအား စာအုပ်၊ စာပေများငှားရမ်းပေးခဲ့ပြီး ပြည်သူ့စာကြည့်တိုက်သို့ လာရောက်၍ စာကြည့်တိုက်စည်းကမ်းချက်များနှင့်အညီ စာကြည့်တိုက်အသင်းဝင်များ လျှောက်ထားနိုင်ကြောင်း အသိပညာပေးပြောကြားခဲ့သည်။
တကောင်းမြို့ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများအနေဖြင့် Mobile Library စနစ်ဖြင့် သုတ/ရသ စာအုပ်စာစောင်(၈၅)အုပ်အား ငှားရမ်းပေးနိုင်ခဲ့ပြီး အဆိုပါ ငှားရမ်းပေးခဲ့သည့် စာအုပ်၊ စာစောင်များကို တစ်လလျှင် နှစ်ကြိမ်လဲလှယ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)