မန္တလေး ဧပြီ ၂၇
၂ဝ၂၄ ခုနှစ်၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက်(၂၅)နှစ်အောက် (အမျိုးသား/ အမျိုးသမီး) ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ ဗထူးမိုးလုံလေလုံ အားကစားခန်းမတွင် ကျင်းပပြုလုပ်သည်။
အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ စီးပွားရေးရာဝန်ကြီးဦးသိန်းဌေး၊ သယံဇာတရေးရာဝန်ကြီး ဦးရွှေဇင်၊ လူမှုရေးရာဝန်ကြီး ဦးအောင်ကျော်မိုး၊ ဥပဒေချုပ်ဦးမြင့်အောင်၊ အစိုးရအဖွဲ့အတွင်းရေးမှူးဦးဝေဇင်ထွန်း၊ တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှူး ဦးနိုင်လင်းအောင်နှင့်တာဝန်ရှိသူများ၊ ပိုက်ကျော်ခြင်းဆပ်ကော်မတီဥက္ကဋ္ဌ ဦးစိုင်းဇော်ထွန်းလင်းနှင့်ကော်မတီဝင်များ၊ ပြိုင်ပွဲဝင်အမျိုးသားအသင်း(၁၁)သင်းနှင့် အမျိုးသမီးအသင်း(၁၀)သင်းတို့မှ အုပ်ချုပ်သူ၊ နည်းပြနှင့်အားကစားသမားများ၊ အခြားဖိတ်ကြားထားသူများနှင့် ပိုက်ကျော်ခြင်း အားကစားဝါသနာရှင်များ စုစုပေါင်း ၂၅၀ ဦးခန့် တက်ရောက်ကြသည်။
အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်မှ အဖွင့်အမှာစကားပြောကြားပြီး ပြိုင်ပွဲဝင်အားကစားသမားများအား လိုက်လံနှုတ်ဆက်ကာ အားကစားပစ္စည်း ထောက်ပံ့ပေးအပ်သည်။
အဆိုပါပြိုင်ပွဲတွင် ခရိုင်အလိုက် အမျိုးသားအသင်း ၁၁ သင်း၊ အမျိုးသမီးအသင်း ၁၀ သင်း ပါဝင်ပြီး မေလ ၂ ရက်နေ့အထိ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
မြင့်မော်ထွန်း(အောင်စံ၊ ပြန်/ဆက်)