ပုလော ဧပြီ ၂၇
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လူငယ်ကဏ္ဍဆိုင်ရာအသိပညာပေးသင်တန်းကို ဧပြီလ ၂၅ ရက်နေ့ နံနက် ၉ နာရီက ပုလောမြို့အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ဖွင့်လှစ်သင်ကြားလျက်ရှိသည်။
အဆိုပါသင်တန်းကို ပုလောမြို့နယ် ပြန်သူ့ကျန်းမာရေးဦးစီးဌာနဦးစီးမှူး ဒေါက်တာပြုံးချို ကြီးကြပ်မှုဖြင့် ကျန်းမာရေး ဆရာ/ဆရာမများက မြို့ပေါ်ကျောင်းများမှ မူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့် ကျောင်းသား/သူများကို ဧပြီလ ၂၆ ရက်နေ့မှ မေလ ၂၅ ရက်နေ့အထိ အာဟာရအကြောင်း သိကောင်းစရာ၊ အစာအုပ်စု(၃) အုပ်စု၊ အစာအမျိုးအမည်စုံလင်အောင် စာသုံးခြင်း၊ အစားအစာ ဘေးအန္တရာယ်ကင်းရှင်းရေး၊ ကာကွယ်ဆေးအကြောင်း သိကောင်းစရာ ကျန်းမာရေးနှင့် ညီညွတ်သောအစားအသောက် တစ်ကိုယ်ရေသန့်ရှင်းရေးစသည့် ကျန်းမာရေးဆိုင်ရာ အသိပညာပေး သင်ရိုးများကို သင်ကြားပေးသွားမည်ဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
အေးအေးမော်(ပုလော)