မုံရွာတက္ကသိုလ်၌ အမှုထမ်းသစ်များအား လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေး အခြေခံကွန်ပျူတာသင်တန်း ဖွင့်လှစ်

မုံရွာတက္ကသိုလ်အတွက် အဆင့်မြင့်ပညာဦးစီးဌာနမှ ခန့်အပ်အမှုထမ်းသစ်များအား လုပ်ငန်းစွမ်းဆောင်ရည်များ မြင့်မားတိုးတက်လာစေရန်နှင့် လုပ်ငန်းဆောင်းရွက်ချက်များ လျင်မြန်သွက်လက်လွယ်ကူစေရန် ရည်ရွယ်ပြီး အခြေခံကွန်ပျူတာသင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက် (၉) နာရီက အဆိုပါတက္ကသိုလ်ရှိ ဘက်စုံသုံးခန်းမ၌ ကျင်းပခဲ့သည်။

သထုံခရိုင်၏ ဒေသန္တရ စီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ အခမ်းအနား ကျင်းပ

မွန်ပြည်နယ်၊ သထုံခရိုင်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန် စားသုံးသူရေးရာကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးတက်ရောက်

မကွေးတိုင်းဒေသကြီး စားသုံးသူရေးရာကော်မတီ၏ (၂/၂၀၂၄) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် (၉) နာရီတွင် မကွေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

မုဒုံမြို့၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း မြို့နယ်အဆင့် သုံးသပ်ဆွေးနွေးပွဲ ကျင်းပ

မွန်ပြည်နယ် မုဒုံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနက မြစိမ်းရောင်ကျေးရွာ စီမံကိန်း၊ ကျေးလက်စီးပွားမြင့်မားရေး ရန်ပုံငွေထူထောင်ခြင်း (RBF)၊ အသက်မွေး ဝမ်းကျောင်း အထောက်အကူပြု သင်တန်းနှင့် ဆိုလာရေတင်လုပ်ငန်းများ မြို့နယ်အဆင့် သုံးသပ်ဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက အဆိုပါ ဦးစီးဌာနရုံး၌ ပြုလုပ်သည်။

တာချီလိတ်မြို့၌ ခရီးသွားမည့် ပြည်သူများအား Smart Card  (Biometric Card) များကို Enrollment device စက် (၈)လုံးဖြင့် နေရာခွဲဝေဆောင်ရွက်‌ပေးလျက်ရှိ

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ ခရီးသွားမည့် ပြည်သူများအား Smart Card  (Biometric Card) များကို Enrollment device စက် (၈) လုံးဖြင့် နေရာခွဲဝေ၍ ဆောင်ရွက်‌ပေးလျက်ရှိရာ ဧပြီလ နောက်ဆုံးအပတ်မှ စတင်ကာ အဆိုပါ လက်မှတ်များ လာရောက်ထုတ်ယူသူ များပြားလျက်ရှိကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ သိရသည်။

ချောင်းသာမြို့တွင် နှစ်ဦးဓမ္မပူဇာသဘင်ပွဲ (စတုတ္ထမြောက်ည) ဆက်လက်ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့၌ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်ကွန်ယက်ဝင် ချောင်းသာမြို့အခြေစိုက် ဓမ္မပါလပရဟိတ အသင်းနှင့် ချောင်းသာမြို့ ပရဟိတအဖွဲ့များမှ ကြီးမှုးကျင်းပသော နှစ်ဦးဓမ္မပူဇာသဘင်ပွဲ (စတုတ္ထမြောက်ည) ကို ဧပြီ ၂၅ ရက်နေ့ ည ၈ နာရီက အမှတ်(၃)ရပ်ကွက်၊ ငြိမ်းချမ်းအောင်မြေ ကျောင်းတိုက်တွင် ဆင်ယင်ကျင်းပခဲ့ရာ သီတဂူလမင်း အရှင်ပညာနန္ဒ (သာသနဓဇဓမ္မာစရိယ) (B.A)Buddhism (SIBA.Myanmar) ဆရာတော်အရှင်သူမြတ်က အေးငြိမ်းချမ်းသာရာ ရောက်ကြောင်း တရားဒေသနာများကို ဟောဖော်ညွှန်ပြခဲ့ကြောင်း သိရသည်။

လှိုင်မြို့နယ်၌ အသက်(၅)နှစ်အောက်ကလေးများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းများဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ လှိုင်မြို့နယ်အတွင်း ကလေးသူငယ်များအား ရောဂါဘယကင်းဝေးပြီး ကျန်းမာသန်စွမ်းသည့် လူ့စွမ်းအားအရင်းအမြစ်များအဖြစ် ပေါ်ထွန်းလာစေရေးအတွက် လှိုင်မြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ လမ်းညွှန်မှုဖြင့် မြို့နယ်၊ ကျေးလက်ကျန်းမာရေးဌာနမှ ဝန်ထမ်းများက လှိုင်မြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များအားကျန်းမာရေး အသိပညာဗဟုသုတရရှိစေရန်နှင့် ကူးစက်ရောဂါတို့မှ ကင်းဝေးစေရန်ရည်ရွယ်၍ လှိုင်မြို့နယ် မိခင်နှင့်က​လေးကျန်းမာ​ရေးဌာနတွင် အသက် (၅) နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးခြင်း၊​​ ဆေးတိုက်​ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မိတ္ထီလာမြို့နယ်၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း ၊ မြစိမ်းရောင်ကျေးရွာစီမံကိန်း၊ ခေတ်မီစံပြကျေးရွာထူထောင်ရေး စီမံကိန်းနှင့် ကျေးလက်စီးပွားမြင့်မားရေး ရန်ပုံငွေထူထောင်ခြင်းလုပ်ငန်း ကျေးရွာရွေးချယ်ပွဲ အခမ်းအနား ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မိတ္ထီလာမြို့နယ်  ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၄-၂၀၂၅ ခု ဘဏ္ဍာနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)၊ မြစိမ်းရောင်ကျေးရွာစီမံကိန်း၊ ခေတ်မီစံပြကျေးရွာထူထောင်ရေးစီမံကိန်း (SMART Village) နှင့် ကျေးလက်စီးပွားမြင့်မားရေး ရန်ပုံငွေ ထူထောင်ခြင်းလုပ်ငန်း (RBF) အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် ကျေးရွာရွေးချယ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက ​မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဒလမြို့နယ်တွင် မျိုးစေ့ချကိရိယာ (Seeder)ဖြင့် စိုက်ပျိုးထားသော နွေစပါး စံပြစိုက်ခင်း ရိတ်သိမ်းပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်တွင် မျိုးစေ့ချကိရိယာ (Seeder) ဖြင့် စိုက်ပျိုးထားသော နွေစပါးစံပြစိုက်ခင်း ရိတ်သိမ်းပွဲကို ယမန်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်အချိန်က သမ္ဘာန်ချောင်းကျေးရွာ၌ ကျင်းပပြုလုပ်သည်။

လှိုင်မြို့နယ်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်တာဝန်ပေးအပ်ပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ လှိုင်မြို့နယ်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရ စီမံကိန်းရည်မှန်းချက် တာဝန်များပေးအပ်ပွဲအခမ်းအနားကို ဧပြီ(၂၅)ရက်နေ့ နံနက်(၉)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to