ကျိုင်းတုံ ဧပြီ ၃၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ ဓမ္မောဒယစာသင်တိုက်တွင် စာကြည့်တိုက်စီမံခန့်ခွဲမှုဆိုင်ရာ အသိပညာပေးဟောပြောဆွေးနွေးပွဲကို ယနေ့က ပြုလုပ်သည်။
ဟောပြောဆွေးနွေးပွဲတွင် ကျိုင်းတုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးနိုင်နှင့် ဒုတိယဦးစီးမှူး ဦးစည်သူထွန်းလင်း တို့က စာကြည့်တိုက်ဆိုင်ရာသိကောင်းစရာ သမိုင်းကြောင်း၊ စာအုပ်စာပေများအကြောင်း၊ စာကြည့်တိုက်နှင့် စာပေဖတ်ရှုခြင်း၏ အကျိုးကျေးဇူးများအကြောင်း၊ စာကြည့်တိုက်အမျိုးအစားများအကြောင်း၊ ပြည်သူ့စာကြည့်တိုက်လုပ်ငန်းမျာအကြောင်း၊ စာကြည့်တိုက်များသည် စာပေဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းအပြင် လူသားတို့၏ ဉာဏ်စွမ်းရည်ကို လေ့ကျင့်ပေးသည့်နေရာဖြစ်ကြောင်းစသည့် စာကြည့်တိုက်စီမံခန့်ခွဲမှုဆိုင်ရာ အကြောင်းအရာများကို ဓမ္မောဒယစာသင်တိုက်၊ ပရိယတ္တိနွေရာသီသင်တန်းမှ သာမဏေများအား အသိပညာပေး ဟောပြောဆွေးနွေးပို့ချခဲ့ကြောင်းသိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)