အစိုးရနည်းပညာအထက်တန်းကျောင်း (ကျောက်ဆည်)တွင် အိမ်တွင်းလျှပ်စစ်ဝါယာသွယ်တန်းခြင်းသင်တန်းနှင့် အခြေခံလျှပ်စစ်သံဂဟေဆက်နည်းသင်တန်း (အခမဲ့)ဖွင့်လှစ်ပေးသွားမည်

ကျောက်ဆည် ဧပြီ ၃၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ အစိုးရနည်းညာအထက်တန်းကျောင်း(ကျောက်ဆည်)တွင် အိမ်တွင်းလျှပ်စစ်ဝါယာသွယ်တန်းခြင်းသင်တန်းနှင့် အခြေခံလျှပ်စစ်သံဂဟေဆက်နည်းများကို ၂၀၂၄ ခုနှစ် မေလ(၆)ရက်နေ့မှ မေလ(၁၇)ရက်နေ့အထိ နေ့စဉ်နံနက်(၉)နာရီမှ ညနေ(၄)နာရီအထိ (အခမဲ့) ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အိမ်တွင်းလျှပ်စစ်ဝါယာသွယ်တန်းခြင်းသင်တန်းတွင် အစိုးရနည်းပညာအထက်တန်းကျောင်း(ကျောက်ဆည်) လျှပ်စစ်နည်းပညာသင်တန်းဌာနမှ ဆရာ၊ ဆရာမ(၃)ဦးနှင့် အခြေခံလျှပ်စစ်သံဂဟေဆက်နည်းသင်တန်းတွင် စက်ပစ္စည်းအစိတ်အပိုင်းထုတ်လုပ်ခြင်းနည်းပညာသင်တန်းဌာနမှ ဆရာ၊ ဆရာမ (၃)ဦးတို့က စာတွေ့လက်တွေ့ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အိမ်တွင်းလျှပ်စစ်ဝါယာသွယ်တန်းခြင်းသင်တန်းနှင့် အခြေခံလျှပ်စစ်သံဂဟေဆက်နည်းသင်တန်းတွင် တက်ရောက်ကြသည့် သင်တန်းသားများအား သင်တန်းတက်ရောက်ပြီးစီးပါက သင်တန်းဆင်းလက်မှတ်များ ပေးအပ်သွားမည်ဖြစ်ပြီး သင်တန်းတက်ရောက်ခြင်းအားဖြင့် တစ်ပိုင်တစ်နိုင် အသက်မွေးဝမ်းကျောင်းအထောက်အကူပြုလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်နိုင်ခြင်း၊ တစ်ဦးချင်းမိသားစုဝင်ငွေများ တိုးတက်လာမည်ကြောင်းနှင့် သင်တန်းတက်ရောက်လိုသူများအနေဖြင့် အစိုးရနည်းပညာအထက်တန်းကျောင်း(ကျောက်ဆည်)တွင် (အခမဲ့)လာရောက်တက်ရောက်နိုင်ကြောင်း ကျောင်းအုပ်ဆရာမကြီး ဒေါက်တာဇာနည်ထွန်းက ပြောပြ၍ သိရသည်။

တင်တင်ထွေး