မက်မန်းမြို့နယ်တွင် မီးဘေးအန္တရာယ်တားစီးကာကွယ်ရေးအတွက် လျှပ်စစ်သွယ်တန်းထားသော ဝါယာကြိုးများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

မက်မန်း ဧပြီ ၃၀

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ် မီးဘေးအန္တရာယ်တာစီးကာကွယ်ရေး၊ မီးဘေးလုံခြုံရေးတို့ကို အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၉)နာရီအချိန်က မက်မန်းမြို့ပေါ်ရှိ ရပ်ကွက်များ၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် လျှပ်စစ်သွယ်တန်းထားသည့် ဝါယာကြိုးများအား တစ်အိမ်တက်ဆင်းလိုက်လံ စစ်ဆေးခဲ့သည်။

ထိုသို့ စစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်လျှပ်စစ်ဦးစီးမှူး ဦးဘွေကမ်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် ရပ်ကွက်ဥက္ကဋ္ဌများနှင့်ပူးပေါင်း၍ ရပ်ကွက်အတွင်းရှိ လူနေအိမ်များအတွင်း မီးလောင်၊ မီးလန့်မှုများမဖြစ်ပွားစေရေးအတွက် လျှပ်စစ်သွယ်တန်းထားသော ဝါယာကြိုးများအား ခိုင်ခန့်မှုရှိမရှိ၊ ဝါယာကြိုးမှတဆင့် မီးလောင်မှုများမဖြစ်ပေါ်စေရေး၊ ဆွေးမြေ့သောဝါယာကြိုးများ အသုံးမပြုစေရေး၊ လျှပ်စစ်သွယ်တန်းရာတွင် ကျွမ်းကျင်သောသူများနှင့်သာ တပ်ဆင်စေလိုခြင်း၊ လျှပ်စစ်မီးဖိုများအား စနစ်တကျအသုံးပြုစေလိုခြင်းနှင့် လျှပ်စစ်သုံးစွဲရာတွင် တစ်စုံတစ်ရာဖြစ်ပေါ်လာပါက သက်ဆိုင်ရာမြို့နယ် လျှပ်စစ်ဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာနသို့ အချိန်မီအကြောင်းကြားရေးတို့ကို တစ်အိမ်တက်ဆင်း လိုက်လံကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး လက်ကမ်းစာစောင်များလဲ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

စောဉမ္မာ(ခရိုင်၊ ပြန်/ဆက်)