ပျော်ဘွယ် မေ ၇
ပျော်ဘွယ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ အသက်မွေးဝမ်းကြောင်းအထောက်အကူပြုသင်တန်းအဖြစ် အခြေခံဖုန်းပြုပြင်နည်းသင်တန်းဖွင့်လှစ်ခြင်းကို ယနေ့နံနက် (၁၀)နာရီအချိန်က အဆိုပါရုံးအစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်က အခြေခံဖုန်းပြုပြင်နည်းသင်တန်းသည် အသက်မွေးဝမ်းကြောင်းမှုကို တစ်ဖက်တစ်လမ်းမှအထောက်အကူပြုပါကြောင်း၊ ကျွမ်းကျင်မှုရှိစေရန်အတွက် ဆက်လက်လေ့လာသင်ကြားသွားရန်လိုအပ်ပါကြောင်းတို့ကို ရှင်းလင်းဆွေးနွေးပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးအေးမင်းနိုင်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေးခဲ့သည်။
အဆိုပါသင်တန်းကို မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် မြစိမ်းရောင်အရင်းမပျောက်မတည်ငွေစီမံကိန်းဝင်ကျေးရွာများမှ သင်တန်းသား(၁၀)ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ (၁၅)ရက်ဖြစ်ကြောင်းသိရသည်။
မင်းမင်းထွေး(ပျော်ဘွယ်)