မန္တလေး မေ ၇
မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)တို့ ပူးပေါင်း၍ စာရေးဆရာချစ်နိုင်(စိတ်ပညာ)၏ အောင်ဇေယျတု သဘောထားစာအုပ်အား စာဖတ်ဝိုင်းဖွဲ့ ဆွေးနွေးခြင်းကို ယနေ့နံနက်(၁၀)နာရီက လူထုအခြေပြုဗဟိုဌာန သင်တန်းခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်းက စာဖတ်ဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေးပြီး စာရေးဆရာ မင်းမြတ်မိုး(မန်းမြေ)က ပညာနှင့်တူသောအလင်း၊ စာဖတ်သူတစ်ဦး၏ ကိုယ်တွေ့၊ စာရေးသူ၏အတွေ့အကြုံ၊ အကျိုးပြုစာပေတစ်ခု၊ ကောင်းနိုးရာရာ အတုယူပါ ခေါင်းစဉ်များဖြင့်လည်းကောင်း၊ ဆရာမြင့်ထွန်းက လူစွမ်းလူစ၊ စာပေပင်မရေစီး၊ မိတ်ကောင်းဆွေကောင်း ခေါင်းစဉ်များဖြင့်လည်းကောင်း၊ ဆရာမလှိုင်က စကားအသိဉာဏ်၊ အရည် အသွေးနှင့်တန်ဖိုး ခေါင်းစဉ်များဖြင့်လည်းကောင်း အသီးသီးဆွေးနွေးကြရာ တက်ရောက်လာသည့် စာပေဝါသနာရှင်များက အသီးသီးပြန်လည်ဆွေးနွေးကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)