တံတားဦး မေ ၇
တံတားဦးခရိုင်၊ တံတားဦးမြို့နယ်တွင် ဒေသနေပြည်သူများသည် အပိုဝင်ငွေရရှိရန်အတွက် တစ်ပိုင်တစ်နိုင် ဆပ်ပြာဆီ ပြုလုပ်ရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိ၍ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
ဆပ်ပြာဆီပြုလုပ်ရာတွင် ရေ(၂၇)လီတာတွင် လိုအပ်သည့် ဂျယ်၊ ဆန်အမှုန့်၊ ဆားတို့ကိုမိမိစိတ်ကြိုက်ထည့်ပြီး မိမိအသုံးပြုလိုသည့် အရောင်နှင့်အနံ့တို့ကိုထည့်၍ ပါဝင်သောပစ္စည်းများကို အချိုးအစားတိုင်းထည့်ကာ မွှေရပြီး တစ်ရက် သို့မဟုတ် နှစ်ရက်ခန့် အဖုံးအုပ်ပြီးထားရကြောင်း၊ ဆပ်ပြာဆီသည် အိမ်သုံးအဝတ်လျှော်၊ ပန်းကန်ဆေး၊ အိုးခွက်များ ဆေးကြောခြင်းတို့အပြင် အိမ်တွင်းအခန်းသန့်ရှင်းရေးပြုလုပ်ရာတွင်လည်း အသုံးပြုနိုင်သောကြောင့် ပြုလုပ်ပြီးဆပ်ပြာဆီ(၁)လီတာလျှင် ငွေကျပ် (၁၀၀၀)ဖြင့် ပြန်လည်ရောင်းချနိုင်သည့်အတွက် အိုးမကွာ၊ အိမ်မကွာပြုလုပ်နိုင်သည့်အတွက် ဒေသနေအိမ်ရှင်မများအတွက် အိမ်တွင်းမှုလုပ်ငန်းဖြစ်ရာ အရင်းအနှီးနည်းပါးပြီး အကျိုးအမြတ်များ များစွာရရှိကြောင်းလည်း သိရသည်။
မိမိတို့အိမ်တွင် အသုံးပြုနေသော ဆပ်ပြာဆီများကို ကိုယ်တိုင်ပြုလုပ် အသုံးပြုနိုင်သည့်အပြင် ပိုလျှံသော ဆပ်ပြာဆီများကို ပြန်လည်ရောင်းချခြင်း၊ ဘက်စုံသုံးဆပ်ပြာဆီလုပ်ငန်းကို လုပ်ကိုင်ပြီး မိသားစုအပိုဝင်ငွေတိုးစေသော လုပ်ငန်းတစ်ခုလည်းဖြစ်ကြောင်း ဆပ်ပြာဆီပြုလုပ်ရောင်းသူ ဒေါ်ခိုင်နှင်းထံမှ သိရသည်။
ရဲတင့်(ပြန်/ဆက်)