မိုင်းဆတ်မြို့တွင် ဒေသတွင်း အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း (MSMEs) ထုတ်ကုန်ပြပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ

မိုင်းဆတ် မေ  ၁

၂၀၂၄ ခုနှစ်၊ မေလ ၁ ရက်နေ့၊  ကမ္ဘာ့အလုပ်သမားနေ့ အထိမ်းအမှတ် ဒေသတွင်း အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း (MSMEs) ထုတ်ကုန်ပြပွဲ ဖွင့်ပွဲအခမ်းအနားကို ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းဆတ်မြို့ မိုးလုံလေလုံအားကစားခန်းမ၌ ယနေ့နံနက်(၉)နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ဒေသတွင်း အသေးစား၊အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း (MSMEs)ထုတ်ကုန်ပြပွဲ ဖွင့်ပွဲအခမ်းအနားကို အမှတ်(၁၄)

စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် ဒုတိယစစ်ဆင်ရေးကွပ်ကဲရေးမှူး ဒုတိယဗိုလ်မှူးကြီး ဝင်းကျော်သန့်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ နှင့်တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေး ကြပြီး ပြခန်းများကို လိုက်လံကြည့်ရှုအားပေးကြသည်။

အဆိုပါ မိုင်းဆတ်မြို့နယ်(MSMEs) လုပ်ငန်းဒေသထွက်ကုန်ပြပွဲ ပြခန်းများတွင်  လက်ဖက် ခြောက်လုပ်ငန်း၊ လိမ္မော်ခြံလုပ်ငန်း၊ ကော်ဖီခြံလုပ်ငန်း၊ သင်ဖြူးဖျာ၊ ခြင်းတောင်း၊ ရိုးရာ အသုံးအဆောင်ပစ္စည်းများနှင့်စားသောက်ကုန်လုပ်ငန်း စသည်ဖြင့် ပြခန်း (၁၄)ခန်း ပါဝင်ပြသ ကြရာ အခမ်းအနားတက်ရောက်လာကြသူများမှ ဝယ်ယူကြည့်ရှုအားပေးကြသည်။

 အဆိုပါ အခမ်းအနားသို့ အမှတ်(၁၄)စစ်ဆင်ရေးကွက်ကဲမှု ဌာနချုပ်၊ ယာယီနည်းဗျူဟာမှူး၊ ဒုတိယဗိုလ်မှူးကြီး ဝင်းကျော်သန့်၊ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့် ဒေသခံပြည်သူများ တက်ရောက် အားပေးခဲ့ကြကြောင်းသိရသည်။