တောင်ကြီး မေ ၁
(၇၈)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အထိမ်းအမှတ် မီးသတ်တပ်ဖွဲ့ဝင်များ စုပေါင်း သွေးလှူဒါန်းခြင်းကို ယနေ့နံနက်(၈)နာရီက တောင်ကြီးမြို့၊ အမျိုးသမီးနှင့် ကလေးဆေးရုံ ၌ ကျင်းပခဲ့သည်။
သွေးလှူဒါန်းပွဲသို့ ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်တာဝန်သူများတို့က သွေးလှူဒါန်းပေး နေကြသော မီးသတ်တပ်ဖွဲ့ဝင်များကို အားပေးစကားပြောကြား၍ အာဟာရပြည့် စားသောက် ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်းနှင့် အဆိုပါ(၇၈)နှစ်မြောက် မီးသတ်တပ်ဖွဲ့ အထိမ်းအမှတ်သွေးလှူဒါန်းပွဲတွင် ပြည်နယ်၊ ခရိုင်၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ အရံမီးသတ် တပ်ဖွဲ့ဝင်များ၊ တိုက်ပွဲရှောင်မှ မီးသတ်တပ်ဖွဲ့ဝင်များ စုစုပေါင်း(၆၅)ဦး သွေးလှူဒါန်းပေးကြကြောင်းသိရသည်။
မောင်မောင်သန်း(တောင်ကြီး)