ကန့်ဘလူ မေ ၄
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်မီးသတ်ဦးစီးဌာနသည် (၇၈)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အထိမ်းအမှတ် ဆိုင်းဘုတ်စိုက်ထူခြင်းကို ယနေ့နံနက် ၉နာရီတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဆိုင်းဘုတ်စိုက်ထူရာတွင် ခရိုင်မီးသတ်ဦးစီးမှူး ဦးအောင်ဌေးဝင်း ဦးဆောင်၍ မြို့နယ်မီးသတ်ဦးစီးမှူး ဦးမိုးကျော်သူ၊ ခရိုင်နှင့်မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက အမှတ်(၂)ရပ်ကွက် မဟာဗန္ဓုလလမ်းအရှေ့ဘက် မြို့နယ်မီးသတ်ဦးစီးမှူးရုံးရှေ့တွင် စိုက်ထူကာ ခရိုင်နှင့်မြို့နယ်မီးသတ်ဦးစီးမှူးတို့က အမွှေးနံ့သာရည်တို့ဖြင့် ပက်ဖြန်းပေးခဲ့ကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)