တောင်တွင်းကြီး မေ ၄
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်တွင် အယ်လ်နီညိုရာသီဥတုဖြစ် စဥ်ကြောင့် နေ့စဥ် တစ်နေ့ထက်တစ်နေ့ အပူရှိန်မြင့်တက်လာသဖြင့် ဒေသခံပြည်သူများ အသက် အန္တရာယ်နှင့် အရေပြားရောဂါ ထိခိုက်မှုမရှိစေရန်အတွက် အပူရှောင်စခန်းအား ရှေးဟောင်းသမိုင်းဝင်ရွှေအင်းတောင်စေတီတော်မြတ်ကြီး၏အရှေ့ဘက်စောင်းတန်းတွင် မေလ(၅)ရက်နေ့ စတင်ဖွင့်လှစ်မည့်ဖြစ်ကြောင်း သိရသည်။
အဆိုပါ အပူရှောင်စခန်းအား တောင်တွင်းကြီးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ဇင်ဦး နှင့်အဖွဲ့ဝင်များ၊ စေတီတော်မြတ်ကြီး၏ ဘဏ္ဍာထိန်းဂေါပကအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ် ရေးမှူးများ ပူးပေါင်း၍စခန်းမဖွင့်လှစ်မီ ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ရာတွင်ပန့်များဖြင့် ရေများပတ်ဖြန်းခြင်း၊ နားနေလဲလျောင်းလျှင် သက်တောင့်သက်သာ ရှိစေရန်အတွက် စောင်များ၊ခေါင်းအုံးများ ကုတင်များပေါ်တွင် ပြင်ဆင်ပြီးစီးခြင်း၊ အပူဒဏ်ကာကွယ်ရာတွင် ဆောင်ရန်/ ရှောင်ရန်အချက်များပါရှိသည့် အသိပညာပေးနံရံကပ်စာစောင်များ ထားရှိပြီးစီးခြင်း၊ watercooler သောက်ရေသန့်စက်များနှင့် သောက်ရေအိုးများထားရှိ ပြင်ဆင်ပြီးစီးခြင်း၊ အသက်(၇၀)နှင့် အထက် သက်ကြီးဘိုးဘွားများနှင့် မိမိတို့အိမ်တွင် နေထိုင်ရန်အဆင်မပြေ သူများနံနက်(၁၀)နာရီ မှ ညနေ(၆)နာရီအထိ အပူရှောင်စခန်းလာရောက်ကျမည့် ဒေသခံပြည်သူ များအတွက် အဖွဲ့ပိုင်ကားများစီစဥ်ထားရှိ ပြီးစီးခြင်း စသည့် ကြိုတင်ပြင်ဆင်မှုလုပ်ငန်းများ အနက် ပြီးစီးအနေထားသည့် ရောက်ရှိလာသည်အတွက် (၄.၅.၂၀၂၄)ရက်နေ့ ညနေပိုင်းတွင် တာဝန်ရှိသူများ ဦးဆောင်၍ မြို့တွင်းရပ်ကွက်များတို့ အပူရှောင်စခန်း စတင်ဖွင့်လှစ်မည့်ကို သိရှိစေရန် လိုက်လံ နိူးဆော်သွားမည့် ဖြစ်ကြောင်း သိရသည်။
ရန်နောင်စိုး(ပြန်/ဆက်)