ဆီဆိုင် မေ ၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့ကို ဇန်နဝါရီလအတွင်း အကြမ်းဖက်သောင်းကျန်းသူများက လက်နက်ကြီးများ၊ ဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဘုန်းတော်ကြီးကျောင်းများ၊ ဆေးရုံ၊ ဈေး၊ နေအိမ်များ၊ ဌာနဆိုင်ရာရုံးများ၊ စာသင်ကျောင်းများ ပျက်စီးဆုံးရှုံးခဲ့ရပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ မေလ(၄)ရက်နေ့ နံနက် ၇ နာရီအချိန်က မြို့မဈေး၌ စုပေါင်းရှင်းလင်းခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။
ထို့သို့ ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဆန်းဦးနှင့် အဖွဲ့ဝင်များ ဦးဆောင်၍ ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ နယ်မြေခံတပ်ရင်းတပ်ဖွဲ့များ၊ ပြည်သူ့စစ်ဌာနေတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများတို့က ဝိုင်းဝန်းပူးပေါင်း၍ မြို့မဈေးအတွင်း ပျက်စီးဆုံးရှုံးခဲ့သည့် ဈေးဆိုင်ခန်းများအား စက်ယန္တရားနှင့် လူအင်အားများဖြင့် ရှင်းလင်းခြင်းလုပ်ငန်းများကို စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဆီဆိုင်မြို့တွင် ပြန်လည်ဝင်ရောက်နေထိုင်သည့် ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ စားဝတ်နေရေးအဆင်ပြေစေရန်အတွက် မြို့မဈေးအနီးတွင် ယာယီဈေးဖွင့်လှစ်ရောင်းချပေးလျက်ရှိပြီး မြို့မဈေးရှင်းလင်းဆောင်ရွက်ခြင်းလုပ်ငန်းများပြီးစီးပါက အဆိုပါဈေးတွင် အကွက်ချပုံစံဖြင့် ယာယီဈေးစနစ်တကျရောင်းနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)