ကျောက်ဆည်မြို့နယ် ပြည်တော်သာကျေးရွာ၌ ရေနက်စက်ရေတွင်းနှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်ပေးသဖြင့် ပြည်သူများ သန့်ရှင်းသောသောက်သုံးရေ ဖူလုံပိုလျှံစွာသုံးစွဲနိုင်ပြီဖြစ်

ကျောက်ဆည်  မေ  ၄

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ  ကျေးရွာများဖွံ့ဖြိုးတိုးတက်စေရန်အတွက် လိုအပ်များအား ဘဏ္ဍာနှစ်အလိုက် ဖြည့်ဆည်း ပေးလျက်ရှိရာ ၂၀၂၃-၂၀၂၄ဘဏ္ဍာနှစ်တွင် ပြည်တော်သာကျေးရွာ၌ရေနက်စက်ရေတွင်း၊ ရေစက်ရုံနှင့်စင်မြင့်ရေစင်တစ်ခု ဆောင်ရွက်ပေးခဲ့သဖြင့် ပြည်သူများသန့်ရှင်းသော သောက်သုံးရေ ဖူလုံပိုလျှံစွာ သုံးစွဲနိုင်ပြီဖြစ်ကြောင်းသိရှိရသည်။

အဆိုပါ သန့်ရှင်းသောသောက်သုံးရေးရရှိရေးလုပ်ငန်းများကို ပြည်ထောင်စုခွင့်ပြုရန်ပုံငွေ ကျပ်(၂၃.၃၀၀၀) သန်းဖြင့် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အနီးကပ် ကြီးကြပ်မှုဖြင့် လင်းယုန်အားမာန် ကုမ္မဏီမှ တာဝန်ယူ၍ အနက်(၄၀၀)ပေ၊အကျယ်(၄)လက်မ ရေနက်စက်ရေတွင်းနှင့် အလျား(၅)ပေ၊ အနံ(၅)ပေ၊ အမြင့်(၇)ပေ ရေစက်ရုံအပါအဝင် ရေဂါလံ(၂၄၀၀)ဆံ့စင်မြင့်ရေစင်(၁)စင် ဆောက်လုပ်ပေးခြင်းဖြစ်ပြီး လုပ်ငန်းများရာနှုန်းပြည့် ပြီးစီးပြီဖြစ်၍ ကျေးလက်နေပြည်သူများအနေဖြင့် သောက်သုံးရေများကို နေအိမ်အရောက် အိမ်သုံးရေမီတာများတပ်ဆင်၍ အလွယ်တကူ သုံးစွဲနိုင်ပြီဖြစ်သောကြောင့် ပျော်ရွှင်လျက်ရှိကြောင်းသိရသည်။

 ပြည်တော်သာကျေးရွာတွင် အိမ်ခြေ(၁၉၈)အိမ်၊လူဦးရေ(၉၁၃)ဦး နေထိုင်လျက်ရှိပြီး စိုက်ပျိုးရေး လုပ်ငန်းများ အဓိကလုပ်ကိုင်လျက်ရှိကြောင်းနှင့် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ  သန့်ရှင်းသောသောက်သုံးရေးရရှိရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းကြောင့် ပြည်သူများ အတွက်သာမက အိမ်မွေးတိရိစ္ဆာန်များအားလုံးရာသီမရွေး သောက်သုံးရေများ ဖူလုံစွာဖြင့်သုံးစွဲနိုင်ပြီဖြစ်ကြောင်းသိရှိရသည်။

သက်မောင်