ပျော်ဘွယ်မြို့နယ် ရန်ကုန်-မန္တလေးကားလမ်းမပေါ်ရှိ ဝက်လက်ကျေးရွာနှင့် ရွာသာ‌ကျေးရွာကြား ၁၈ ဘီး နောက်တွဲယာဉ်တစ်စီး မော်တော်ကားတာယာပွင့်၍ ကားဘီးမီးလောင်မှုဖြစ်ပွား

ပျော်ဘွယ် မေ ၄

ပျော်ဘွယ်မြို့နယ် ရန်ကုန်-မန္တလေးကားလမ်းမပေါ်ရှိ ဝက်လက်ကျေးရွာနှင့် ရွာသာ‌ကျေးရွာကြား၊ မိုင်တိုင်အမှတ်(၂၉၁/၆-၇)တွင် မေလ(၄)ရက်၊ နံနက် (၅)နာရီကျော်ခန့်က  ၁၈ ဘီး နောက်တွဲယာဉ်တစ်စီး မော်တော်ကားတာယာပွင့်၍ ကားဘီးမီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ရန်ကုန်မှမန္တလေးဘက်သို့ မောင်းနှင်လာသည့် ၁၈ ဘီးနောက်တွဲယာဉ်သည် ကား၏ဘယ်ဘက် နောက်တွဲဘီး တာယာပွင့်ကာ ‌ကားလမ်းနှင့် ကားဘီးတပ်ဆင်သည့်ဂွေတို့ပွတ်တိုက်၍ ကားဘီးမီးလောင်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဖြစ်ပွားနေရာသို့ မြို့မရဲစခန်းမှူး ဒုတိယရဲမှူး ကျော်မင်းဆွေနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဦးစီးမှူး ဦးကျော်မျိုးနှင့်တပ်ဖွဲ့ဝင်များ၊အနီးဝန်းကျင်မှ ကျေးရွာပြည်သူများစုပေါင်း၍ ငြိမ်းသတ်ခဲ့ကြောင်း၊ အဆိုပါဖြစ်စဉ်ကြောင့် လူနှင့်တိရစ္ဆာန်များ ထိခိုက်မှုမရှိကြောင်း၊ ကုန်ပစ္စည်းများ မီးလောင်ကျွမ်းမှု မရှိကြောင်း သိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)