လှည်းကူး မေ ၄
ရန်ကုန်တိုင်းဒေသကြီး၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ တိုင်းဒေသကြီးတီဘီရောဂါတိုက်ဖျက်ရေးအဖွဲ့မှ ဒေါက်တာခိုင်သဉ္ဇာစိုးဦးဆောင်သောအဖွဲ့နှင့် လှည်းကူးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်တီဘီရောဂါတိုက်ဖျက်ရေးအဖွဲ့တို့ပူးပေါင်း၍ ယမန်နေ့နံနက်ပိုင်းက လှည်းကူးမြို့နယ်၊ ကလီထော်ကျေးရွာ၊ မဟာဝိဟာရကျောင်းတိုက်ရှိ သံဃာတော်များအား တီဘီရောဂါရှိ/မရှိ စစ်ဆေးကုသခြင်းကို ကွင်းဆင်းကုသပေးကြောင်း သိရသည်။
ထိုသို့ ဆေးကုသပေးရာတွင် တိုင်းဒေသကြီးတီဘီရောဂါတိုက်ဖျက်ရေးအဖွဲ့မှ ဒေါက်တာခိုင်သဉ္ဇာစိုးဦးဆောင်သည့်အဖွဲ့နှင့် မြို့နယ်တီဘီရောဂါတိုက်ဖိက်ရေးအဖွဲ့မှ ကျန်းမာရေးဝန်ထမ်းများက ကလီထော်ကျေးရွာ မဟာဝိဟာရကျောင်းတိုက်မှ သံဃာတော်(၇၁၄၆)ပါးအား သွေးပေါင်ချိန်ပေးခြင်း၊ တီဘီရောဂါ ရှိ/မရှိ စစ်ဆေးကုသပေးခြင်းနှင့် အခြားသောအထွေထွေရောဂါများ စစ်ဆေးကုသပေးခြင်းများကိုဆောင်ရွက်ပေးရာ တီဘီရောဂါတွေ့ရှိသော သံဃာတော်(၄)ပါးကို စတင်ကုသပေးသည်။
အဆိုပါ ဆေးကုသပေးရာသို့ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးပြီး၊ ဆေးကုသပေးခြင်းကို ဧပြီလ ၂၉ ရက်နေ့မှ မေလ ၃ ရက်နေ့အထိ ၅ ရက်တိုင် ကွင်းဆင်းကုသဆောင်ရွက်ပေးခဲ့ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက သိရသည်။
အေးအေးနွဲ့(ပြန်/ဆက်)