ထားဝယ် မေ ၇
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၏ လမ်းညွှန်မှုဖြင့် ယမန်နေ့နံနက်ပိုင်းတွင် ထားဝယ်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများသို့ သဘာဝဘေးနှင့်ပတ်သက်၍ ကြိုတင်ကာကွယ်ရန်အသံချဲ့ စက်ဖြင့် သတိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့နောက် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဝန်ထမ်းများက မြို့တွင်းလမ်းများ၊ လမ်းဆုံလမ်းခွများ စသည့်နေရာများတွင် လေပြင်းဘေးနှင့် မိုးကြိုးဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဆောင်ရန်/ရှောင်ရန်အချက်များအား လိုက်လံသတိပေးနှိုးဆော်ခဲ့ပြီး ခရီးသွားလာပြည်သူများနှင့် ဒေသခံပြည်သူများအား အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့သည်။
တနင်္သာရီတိုင်းဒေသကြီးအတွင်း လေပြင်းဘေးနှင့် မိုးကြိုးဘေးအန္တရာယ်ဆိုင်ရာအသိပညာပေး ဆောင်ရန်/ရှောင်ရန်အချက်များအား လိုက်လံနှိုးဆော်ခြင်းများ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနရုံးမှ သဘာဝဘေးအသိပညာပေး နှိုးဆော်မှုများနှင့်လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)