မိုင်းပန်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ စာပေချစ်မြတ်နိုးသူများနှင့် စာဖတ်ဝိုင်းပြုလုပ်

မိုင်းပန် မေ ၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ စာပေချစ်မြတ်နိုးသူများ(Book Club)အဖွဲ့ဝင်များနှင့် စာရေးဆရာ မောင်ခင်မင် (ဓနုဖြူ)၏ အ‌မွေခံတစ်ယောက် အ‌မွေပေးသူတစ်ရာ စာအုပ်စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်အိရွှေစင်လတ်က စာပေချစ်မြတ်နိုးသူများ စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိပြီး အသိပညာဗဟုသုတများ တိုးပွားလာခြင်း၊ အမှားအမှန် ဝေဖန်ပိုင်းခြားနိုင်မှုများရရှိလာခြင်း၊ စာပေအကြောင်းအရာများကို တစ်ဦးနှင့်တစ်ဦး ဖလှယ်နိုင်ပြီး စာပေအကျိုးကျေးဇူးကို ရရှိခံစားနိုင်စေခြင်းစသည့် ရည်ရွယ်ချက်များဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး စာရေးဆရာ မောင်ခင်မင်(ဓနုဖြူ)၏ ‌အမွေခံတစ်ယောက် အမွေပေးသူတစ်ရာ စာအုပ်တွင်ပါဝင်သည့် အကြောင်းအရာများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးနှင့် စာပေချစ်မြတ်နိုးသူ(Book Club) အဖွဲ့ဝင်များတို့က အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

နော်မှိုင်း(ပြန်/ဆက်)