ဇေယျာသီရိမြို့နယ် စည်ပင်သာယာကျေးလက်ကျန်းမာရေးဌာန၌ ဧပြီလအတွင်း ပြည်သူ ၁၄၄ ဦးအား ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ခဲ့

ဇေယျာသီရိ မေ ၇

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ကျည်တောင်ကျေးရွာအုပ်စု၊ စည်ပင်သာယာ ကျေးလက်ကျန်းမာရေးဌာနတွင် ဧပြီလအတွင်း စုစုပေါင်း ပြည်သူ ၁၄၄ ဦးအား ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ခဲ့ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဌာနမှ သိရသည်။

“ကျွန်တော်တို့ဆီမှာ ခုတင်(၅၀)ဆံ့ ပြည်သူ့ဆေးရုံ၊ ရေဆင်းတိုက်နယ်ဆေးရုံ၊ ပေါင်းလောင်းတိုက်နယ် ဆေးရုံ၊ ကျေးလက်ကျန်းမာရေးဌာန ၂ ခုနဲ့ ကျေးလက်ကျန်းမာရေးဌာနခွဲ ၁၅ ခုဖွဲ့စည်းထားရှိပြီး ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိပါတယ်၊ ဧပြီလအတွင်းမှာ ကျည်တောင်ကျေး ရွာအုပ်စု၊ စည်ပင်သာယာကျေးလက်ကျန်းမာရေးဌာနမှ စုစုပေါင်းပြည်သူ ၁၄၄ ဦးကို ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်ခဲ့ပါတယ်၊ အဓိကအားဖြင့် ကျေးလက်ကျန်းမာရေးဌာနဖြစ်တဲ့အတွက် ဆီးချို လူနာ ၂၈ ဦး၊ သွေးတိုးရောဂါ ၃ ဦး၊ မွေးလူနာနှင့် အထွေထွေရောဂါ ၁၁၃ ဦး စုစုပေါင်း ၁၄၄ ဦး ဧပြီလအတွင်းမှာ ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ခဲ့ပါတယ်” ဟု ဇေယျာသီရိမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဝေယံအောင်၏ ပြောပြချက်အရ သိရသည်။

ထွန်းလင်း(ဇေယျာမြေ)