မြစ်သား ဧပြီ ၂၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်အတွင်းရှိ တောင်သူများထံသို့ အထူးသက်သာသော ဈေးနှုန်းဖြင့် ဓာတ်မြေဩဇာများ တိုက်ရိုက် ဖြန့်ဖြူးရောင်းချခြင်းကို စိုက်ပျိုးရေးဦးစီးဌာနနှင့်စုစံ ဓာတ်မြေဩဇာရောင်းချရေးကုမ္မဏီတို့ပူးပေါင်း၍ ယမန်နေ့ မွန်းလွဲ ၃ နာရီအချိန်က စိုက်ပျိုးရေးဦးစီးဌာနပိုင် ဂိုဒေါင်အတွင်း၌ တောင်သူများအား အထူး သက်သာသောဈေးနှုန်းဖြင့် ဓာတ်မြေဩဇာများ တိုက်ရိုက်ဖြန့်ဖြူးရောင်းချပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ဓာတ်မြေဩဇာများကို ဈေးနှုန်းသက်သာစွာ ရောင်းချပေးခြင်းဖြင့် တစ်ဧကသီးနှံအထွက်နှုန်း တိုးတက်လာစေရန်၊ ပန်းတိုင်အထွက်နှုန်း ရရှိစေရန်၊ နွေသီးနှံစိုက်ပျိုးသည့် တောင်သူများကို သွင်းအားစုဓာတ်မြေဩဇာများ အရည်အသွေးမှန်ကန်စွာ အသုံးပြုနိုင်စေရန်၊ ဈေးနှုန်းသက်သာစွာဖြင့် အလွယ်တကူဝယ်ယူ ရရှိနိုင်ရေး ဆောင်ရွက်ပေးလျှက်ရှိကြောင်း စိုက်ပျိုးရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
ဝါဝါမြင့်(မြစ်သား)