ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ်ရှိ ပညာတံခွန်ကျောင်းတိုက်တွင် သိက္ခာထပ်၊ မုခ်ဦးနှင့် သံတံခါး ရေစက်ချ အလှူတော်မင်္ဂလာကျင်းပ

ရန်ကုန် ‌‌‌‌‌ဧပြီ ၂၆

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်အရှေ့ပိုင်း၊ (၁၅၇)ရပ်ကွက်၊ ဆင်ဖြူရှင်လမ်းရှိ ပညာတံခွန် ကျောင်းတိုက် ဦးစီပဓာန နာယက ဆရာတော် ဘဒ္ဒန္တတေဇိန္ဒ (မဟာသဒ္ဒမ္မ ဇောတိကဓဇ) နှင့် အရှင်ယသ(သာသနဓဇဓမ္မာစရိယ)အရှင်သူမြတ်များအား ပုနောပသမ္ပဒါသိက္ခာထပ်၊ မုခ်ဦးနှင့် သံတံခါး ရေစက်ချ အလှူတော်မင်္ဂလာ အခမ်းအနားကို ယနေ့ နံနက် ၇ နာရီ အချိန် အဆိုပါကျောင်းတွင်ပြုလုပ် ဆောင်ရွက်ခဲ့သည်။

ဦးစွာ  ရခိုင်ပြည်နယ် ပြည်နယ်သံဃနာယက ဥက္ကဋ္ဌမဟာဂန္ထဝါစကပဏ္ဍိတ တောင်ရွှေရွာ ကျောင်းတိုက်ဆရာတော် အမှူးထား၍ ပညာတံခွန် ကျောင်းတိုက်ဦးစီပဓာန နာယက ဆရာတော် ဘဒ္ဒန္တတေဇိန္ဒ (မဟာသဒ္ဒမ္မ ဇောတိကဓဇ) နှင့် အရှင်ယသ (သာသနဓဇဓမ္မာစရိယ) အရှင်သူမြတ်များအား ပုနောပသမ္ပဒါသိက္ခာထပ်မင်္ဂလာပြုလုပ်ခဲ့သည်။

ထို့နောက် အခမ်းအနားကို ဆရာတော်သံဃာတော်အရှင်သူမြတ်များ၊ မုခ်ဦး ရဟန်းဒါယကာ ဦးခိုင်မင်းထက်နှင့် ဇနီး မုခ်ဦး၊ရဟန်းဒါယိကာမ ဒေါ်ဧရာအောင်နှင့် မိသားစု ၊ သံတံခါးအလှူရှင် ရဟန်းဒါယကာ ဦးမျိုးမင်းသူ ဇနီး သံတံခါး၊ ရဟန်းဒါယိကာမ ဒေါ်နှင်းအိဖြူ နှင့် မိသားစု၊ ဖိတ်ကြားထားသော ဧည့်ပရိသတ်များက နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ခဲ့ကြပြီး ရခိုင်ပြည်နယ် ပြည်နယ်သံဃနာယက ဥက္ကဋ္ဌ မဟာဂန္ထဝါစကပဏ္ဍိတ တောင်ရွှေရွာကျောင်းတိုက် ဆရာတော်ဘုရားထံမှ ငါးပါးသီလခံယူဆောက်တည်ကြသည်။

ထို့နောက် ပင့်ဖိတ်ထားသော ဆရာတော် အရှင်သူမြတ်များက မေတ္တာသုတ်ပရိတ်များတရား တော်များရွတ်ဖတ်ပူ‌ဇော်ခဲ့ကြရာ အလှူရှင်မိသားစုများနှင့် စေတနာရှင်များက  န၀ကမ္မအလှူငွေ နှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြရာ လှူဒါန်းမှုအစုစုအတွက်မနိုင်ငံတော် သံဃမဟာနာယက တွဲဖက်အကျိုးတော်ဆောင် အဂ္ဂမဟာပဏ္ဍိတ ပရိယတ္တိဓမ္မိကာရုံ ကျောင်းတိုက်မင်းပြားမြို့  နိုင်ငံတော်ဗဟိုဝန်ဆောင် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဉာဏိဿရ တိပိဋမဟာဂန္ဓာရုံကျောင်းကမ္ဘာအေးဆရာ တော်ဘုရားထံမှ ရေစက်ချ တရားနားကြား၍ လှူဒါန်းမှု အစုစုတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ပြီး ရတနာ ရွှေမိုး၊ ငွေမိုး ရွာသွန်းဖြိုးကာ အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်းကာ အခမ်းအနားကို ရုတ်သိမ်းခဲ့ကြကြောင်း သိရသည်။

အဆိုပါ ဒဂုံ မြို့သစ်အရှေ့ပိုင်းမြို့နယ် ပညာတံခွန်ကျောင်းတိုက် ဦးစီပဓာန နာယက ဆရာတော် ဘဒ္ဒန္တတေဇိန္ဒ (မဟာသဒ္ဒမ္မ ဇောတိကဓဇ) နှင့် အရှင်ယသ (သာသနဓဇဓမ္မာစရိယ)အရှင်သူမြတ်များအား ပုနောပသမ္ပဒါသိက္ခာထပ်၊ မုခ်ဦး နှင့် သံတံခါး ရေစက်ချ အလှူတော်မင်္ဂလာ အခမ်းအနားတွင်  မုခ်ဦး၊ ရဟန်းဒါယကာ ဦးခိုင်မင်းထက်နှင့် ဇနီး မုခ်ဦး ၊ရဟန်းဒါယိကာမ ဒေါ်ဧရာအောင်နှင့် မိသားစု၊ သံတံခါးအလှူရှင် ရဟန်းဒါယကာ ဦးမျိုးမင်းသူ ဇနီး သံတံခါး၊ ရဟန်းဒါယိကာမ ဒေါ်နှင်းအိဖြူနှင့် မိသားစုတို့မှ (၇)ရက်သားသမီးများအား လူနှစ်ထောင်စာ ထမင်းလှူဒါန်းပြီး ဆန်တစ်ပြည်အိတ် လူနှစ်ရာငါးဆယ်စာအား ‌‌‌‌‌‌‌‌‌‌‌‌‌ထပ်မံလှူဒါန်းခဲ့ကြကြောင်း သိရသည်။

သက်လွင်စိုး(ပြန်/ဆက်)