ထားဝယ် မေ ၈
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၏ ထောက်ပံ့မှုဖြင့် အယ်လ်နီညိုရာသီဥတုကြောင့် လတ်တလောရေရှားပါးလျက်ရှိသည့် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့အတွင်းရှိ ရပ်ကွက်/ကျေးရွာများသို့ ယနေ့နံနက်ပိုင်းက သောက်သုံးရေများ သွားရောက်ဖြန့်ဝေလှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ထို့နောက် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဝန်ထမ်းများက လတ်တလောရေရှားပါးသည့် ထားဝယ်မြို့နယ်ရှိ ဇဟာကျေးရွာ၊ ဖားအောက်တောရဘုန်းတော်ကြီးကျောင်း၊ ဆင်ဆိပ်ရပ်ကွက်၊ တလိုင်းထိန်ရပ်ကွက်၊ မြောင်းပုလဲရပ်ကွက်ရှိ ဒေသခံပြည်သူများအတွက် သောက်သုံးရေဂါလန် (၁၀၀၀၀)အား စနစ်တကျ ဖြန့်ဝေလှူဒါန်းပေးခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)