၂၀၂၄-၂၀၂၅ ခုဘဏ္ဍာရေးနှစ် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံမော်တော် ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်းသင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

ကြံခင်း မေ ၈

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်‌ရေး ဦးစီးဌာနက ၂၀၂၄-၂၀၂၅ ခုဘဏ္ဍာရေးနှစ်၊ အသက်‌မွေးဝမ်းကျောင်း အထောက်အကူပြုအ‌‌ခြေခံ မော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်းသင်တန်းကို ကွင်းကြီးကျေးရွာအုပ်စု၊ သုမင်္ဂလ ကျေးရွာ ဘက်စုံသုံးခန်းမတွင် ယမန်နေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။

ဖွင့်ပွဲအခမ်းအနားတွင် ကြံခင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းတန်က အဖွင့်အမှာစကားပြောကြားပြီးနောက် ကြံခင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးယဉ်မင်းဦးက သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ ကွင်းကြီးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်က ကျေးဇူးတင်စကားပြော ကြားပြီးနောက် ကြံခင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဦးစီးမှူး ဦးယဉ်မင်းဦးက သင်တန်းတွင် အသုံးပြုမည့် ပစ္စည်းကိရိယာများအား သင်တန်းသားများထံ ပေးအပ်ခဲ့သည်။

ထို့နောက် သင်တန်းပို့ချရာတွင် အသုံးပြုမည့်ပစ္စည်းကရိယာများနှင့် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆောင်ရွက်ပြီးစီးခဲ့သော သင်တန်းများ၏ မှတ်တမ်းဓာတ်ပုံများ အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ကြည့်ရှုခဲ့ကြပြီး  စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သိရသည်။

သင်တန်းဖွင့်ပွဲအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းတန်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်စန်းစန်းမြင့်နှင့် အဖွဲ့ဝင်များ၊ ဘက်ရဲမြို့အုပ်ချုပ်ရေးမှူး ဦးအောင်ကိုကို၊ မြို့နယ်မီးသတ်ဦးစီးဌာန တာဝန်ရှိသူများ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် ရပ်မိရပ်ဖများ၊ သင်တန်းသားများ တက်ရောက်ကြကြောင်းနှင့် သင်တန်းကို မေလ (၇) ရက်နေ့မှ (၂၁)ရက်နေ့အထိ သင်ကြားပို့ချပေးသွားမည် ဖြစ်ကြောင်း၊ အဆိုပါသင်တန်းတွင် သင်တန်းသား (၃၀)ဦး တက်ရောက်ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)