ကဝမြို့နယ်၌ ရေပြတ်လပ်မှုမရှိစေရန် မြို့နယ်အဆင့်ဌာနဆိုင်ရာ မိသားစုများမှ သောက်သုံးရေလှူဒါန်း

ကဝ မေ ၇

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်၌ ရေပြတ်လပ်မှုမရှိစေရန်နှင့် သောက်သုံးရေဖူလုံစေရန်အတွက် ယနေ့နံနက်ပိုင်းက မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက မြို့နယ်အဆင့်ဌာနဆိုင်ရာ မိသားစုများအလှူငွေဖြင့် ငွေတောင်ကျေးရွာနှင့် ဘိုတဲကျေးရွာများတွင် သောက်သုံးရေလှူဒါန်းခဲ့ကြောင်း သိရသည်။

အဆိုပါ သောက်သုံးရေလှူဒါန်းမှုကို မြို့နယ်မီးသတ်ဦးစီးမှူး ဦးမင်းသူဦးစီး၍ တပ်ဖွဲ့ဝင်များနှင့်အတူ ဆောင်ရွက်ခဲ့ကြပြီး မီးသတ်ရေယာဉ်များဖြင့် သောက်သုံးရေဂါလံ (၂၄၀၀)ကို ငွေတောင်ကျေးရွာနှင့် ဘိုတဲကျေးရွာရှိ ဒေသခံပြည်သူများလက်ဝယ်သို့ လှူဒါန်းခဲ့ပြီး၊ ကဝမြို့နယ်အတွင်း‌‌သောက်သုံးရေပြတ်လပ်မှု မရှိစေရေးအတွက် ကျန်ရှိနေသော ရွာများသို့လည်း အလှည့်ကျလှူဒါန်းသွားမည်ဖြစ်ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးမင်းသူထံမှ သိရသည်။

ရဲဇော်ဟိန်း (ပြန်/ဆက်)