ကျောက်ဖြူခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

ကျောက်ဖြူ   မေ  ၇

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၏ အပတ်စဉ်ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက အဆိုပါ ဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်အဆင့် ဌာနဆိုင်ရာများ ဖိတ်ကြားထားသည့် ဌာနဆိုင်ရာများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီး ဟံစိုးက ယခုအခါ မိုးဦးအကြို ရာသီကာလသို့ရောက်ရှိလာပြီဖြစ်သဖြင့် မုတ်သုံလေဝင်ရောက်တိုက်ခိုက်နိုင်သောကြောင့် လျှပ်စစ်မီးကြိုးနှင့်မလွတ်သောသစ်ပင်၊ သစ်ကိုင်းများနှင့် လဲကျနိုင်သည့်သစ်ပင်ကြီးများအား ခုတ်ထွင်ရှင်းလင်းဆောင်ရွက်ထားရှိရန်၊ မိမိတို့၏ရုံးဌာနအဆောက်အဦ အတွင်း/အပြင်အား သန့်ရှင်းရေးပြုလုပ်ဆောင်ရွက်ထားကြရန်၊ နယ်မြေလုံခြုံရေးအတွက် ပျက်စီးနေသည့်လမ်းမီးများအား အစားထိုး၍ အသစ်တပ်ဆင်ဆောင်ရွက်ရန်၊ ခွင့်ရက်ကျော်ဝန်ထမ်းများအား သက်ဆိုင်ရာဌာနများတွင် ၎င်းတို့၏ လုပ်ငန်းတာဝန်များကို အမြန်ဆုံးပြန်လည်ထမ်းဆောင်နိုင်ရေး ကြပ်မတ်ဆောင်ရွက်ကြရန် ရှင်းလင်းပြောကြားသည်။ ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၆/၂၀၂၄) ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှု အခြေအနေများ၊ အစည်းအဝေး အမှတ်စဉ် (၇/၂၀၂၄)တွင် ဆွေးနွေးဆုံးဖြတ်မည့် အကြောင်းအရာများနှင့် ဌာနဆိုင်ရာများမှ မိမိတို့ဌာန၏ ဆောင်ရွက်ထားရှိမှုများကိုတင်ပြရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

တင်ထွန်းဦး၊ ဖြိုးဝေလင်း